အခန်း-၆

Start from the beginning
                                    

ကိုယ်က မြသားကို ဘွဲ့ရတဲ့အထိ ကြိုးစားစေချင်သော်လည်း ငယ်ငယ်ထဲက သူငယ်ချင်းဖြစ်ခဲ့သည့် ကိုယ့်ချစ်သူရဲ့ အရည်အချင်းကို ကိုယ်သာအသိဆုံး။

အတွေးလွန်ပြီး စကားပြန်ဖော်မရသည့် လွန်းသီရိအား မြသား စိတ်မရှည်တော့..

"လွန်း တစ်ခုခုပြန်ပြောဦးလေဟာ"

"ငါကဘာပြန်ပြောရမှာလဲ"

အဝေးကိုငေးနေရင်းမှ အေးတိအေးစက်ဟန်ဖြင့်
မေးခွန်းထုတ်လာသည့် လွန်းသီရိ၏ အပြုအမူများက မြသားကို ပိုပြီး အားမလိုအားမရ ဖြစ်လာစေသည်။

တကယ်ဆို အားပေးစကားလေးဖြစ်ဖြစ်၊ တစ်ခုခုတော့ ပြောသင့်တယ်မဟုတ်လား။

"လွန်းနော်.. ငါပြောတာနားမထောင်ဘဲ ဘာတွေ အတွေးများနေတာလဲ"

လွန်းသီရိက မြသားကို ပြန်လှည့်ကြည့်လိုက်ရင်း..

"စာမေးပွဲမဖြေတော့တဲ့ကိစ္စဆိုရင်တော့ ငါ့အနေနဲ့
ဘာမှပြောစရာမရှိဘူး မြသား။ နင့်ကိုဘွဲ့ရပြီး အလုပ်ကောင်းကောင်းတစ်ခု ရစေချင်ပေမယ့် ငါလည်းဘာမှလုပ်မပေးနိုင်သေးလို့ စိတ်မကောင်းဘူး။ နောက်ပြီး နင်ကိုယ်တိုင်ကလည်း ပညာရေးကို စိတ်လည်းမဝင်စားနေတာသိတော့ ငါကဘာပြောလို့ရမှာလဲ"

အားမနာတမ်းပြောလိုက်သည့် လွန်းသီရိ၏စကားကြောင့် မြသား ရှက်ရမ်းရမ်းသွားပြီး လွန်းသီရိ၏ ဗိုက်ခေါက်ကို လိမ်ဆွဲလိုက်ကာ..

"နည်းနည်းပါးပါးလေးတောင် စကားကို
နားထောင်လို့ကောင်းအောင် မပြောတတ်တော့ဘူးလား ဟမ်? ဘယ်ကတည်းက ငါ့ကို နှိမ်ချင်နေသလဲမသိဘူး။ ဟွန်းး"

"အာ့! နာတယ် မြသားရ"

မြသားက လွန်းသီရိအား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
လိမ်ဆွဲထားသော ဗိုက်ခေါက်လေးအား လွှတ်ပေးလိုက်သည်။

"အေးလေ.. နင့်ဘာသာနင် စာမကျက်ချင်တော့လို့ဆိုလည်း ပြီးတာပဲ။ ဘာလဲ။ ဟိုအကြောင်းပြ၊ဒီအကြောင်းပြနဲ့။
မသိရင် မိသားစုအတွက်ပဲ သူက စာတော်ရဲ့သားနဲ့ အနစ်နာခံ heroဝင်လုပ်ရတဲ့အချိုးနဲ့"

အဝါရောင်အိပ်မက် (completed)Where stories live. Discover now