အခန်း-၅

Start from the beginning
                                    

"မင်းဘာသာမင်း မအိပ်ချင်လည်းနေကွာ။ ငါကတော့အိပ်ပြီ။ ဘာကောင်မှန်းကို မသိဘူး။ ငါ့တောင် အဲ့လောက် ဂရုမစိုက်ဘူး။ ကိုယ့်ဦးလေးကျ နှိပ်နင်းပေးရမလား မေးမယ်မရှိဘူး။ အမေကျော်ပြီး ဒွေးတော်လွမ်းနေတယ်"

"ဟာ လေးသက်ကလည်း စိတ်ညစ်ရတဲ့အထဲ သူကပါ ဝင်ပြီး
အူတိုနေပြန်ပြီ။ လေးသက်နဲ့တော့ ယှဉ်လို့ရမလား! အကိုလေးက မနက်ကတည်းက နေမကောင်းတဲ့ပုံစံ ဖြစ်နေလို့ သားက စိတ်ပူမိတာကို"

"...."

ဦးသက်လွင်က မကြားချင်ဟန်ဆောင်ပြီး မင်းခစကားကို အရေးမစိုက်။

ဦးလေးလူပျိုကြီးက အူတိုပြီးစိတ်ကောက်သွားပြီကို
မင်းခက သိလိုက်တာကြောင့် ခြင်ထောင်ထဲသို့ အပြေးအလွှားဝင်သွားပြီး...

"လေးသက်"

"......."

"လေးသက်.. သား လေးသက်ကို နှိပ်ပေးမယ်လေ။ လေးသက်ညောင်းနေမှာပေါ့"

"တော်ကွာ။ ပြောခါကျမှ"

ချော့ဖို့ခက်တော့မည့် ဦးလေးလူပျိုအူပုပ်ကြီးအား မင်းခက အတင်းအကြပ် သိမ်းကြုံးဖက်လိုက်ပြီး...

"သား လေးသက်က ကလေးလည်းမဟုတ်ပဲ စိတ်ကောက်နေတာကိုးဗျ။ ဟီးးး မရှက်ဘူးလား လေးသက်"

"ငြိမ်ငြိမ်အိပ်စမ်းကွာ။ စကားတွေများတယ်"

"​လေးသက်ရာ... သားမှာ လေးသက်ထက်ပိုချစ်ရမယ့်လူ ရှိပါ့မလား။ သားကလေ ဟော့ဒီကမ္ဘာကြီးထဲမှာ သားလေးသက်ကိုပဲ အချစ်ဆုံး"

"ခွေးကောင်လေး.. အဲ့လိုနဲ့ပဲ ငါ့ညာစားနေတာ။ တော်စမ်းပါကွာ။ နောက်ကျနေပြီ အိပ်တော့"

"Yes, Sir!"

"ပြောင်ချော်ချော် လုပ်မနေနဲ့။ အခုအိပ်တော့"

"ဟုတ်!"

-

-

အိပ်ရာထဲက တူဝရီးနှစ်ဦးတွင်...

စကားအလွန်တတ်သော တူဖြစ်သူ၏ တီတီတာတာစကားများကို ကြားလိုက်ရသည့် ဦးလေးကတော့ ပီတိဖြာနေသောကြောင့် အိပ်မပျော်နိုင်ဖြစ်နေခဲ့ပြီး......

အဝါရောင်အိပ်မက် (completed)Where stories live. Discover now