လက်က အိမ်စာရေးနေသော်လည်း မင်းခ၏စိတ်က ဟိုရောက်ဒီရောက်။ စာအပေါ် အာရုံဝင်စားမနေသည့် မင်းခက စာရေးနေရင်းမှ သွန်းအုပ်၏ အခန်းကျယ်ကြီးဆီ စိတ်ကရောက်သွားပြန်သည်။

(ညနေက........)

သီချင်းဆို၍အပြီး စုံမှိတ်ထားသည့် မျက်လုံးတို့ကို
မင်းခ ပြန်ဖွင့်လိုက်သည်။ ရှေ့တည့်တည့်မှာရပ်ပြီး ခပ်ရယ်ကျဲကျဲနှင့်ကြည့်နေသည့် သွန်းအုပ်ကြောင့် မင်းခ ကြောင်စီစီပြန်ငေးကြည့်မိသည်။ သွန်းအုပ်ပြုံးတာကိုတောင် တစ်ခါမှမမြင်ဖူးတာကြောင့် မင်းခမှာ အံ့သြတကြီး...

အမြဲတမ်း စူပုပ်နေတဲ့ အကိုလေးက
အခုလိုလည်း ပြုံးရယ်တတ်သေးတာလား?

အရုပ်လေးနှင့်တူသည့် အကိုလေးက ပြုံးလိုက်တော့ အများကြီးပိုပြီး ချစ်စရာကောင်းသွားသည်။
ဒီလောက်ချစ်ဖို့ကောင်းရဲ့သားနှင့် အကိုလေးက
ဘာလို့အကျင့်ပုပ်ပြီး သူများကိုအနိုင်လိုက်ကျင့်ရတာကို သဘောကျနေမှန်းလည်းမသိ။

"မင်းကဘာလို့ ငါ့ကိုပြန်ကြည့်နေတာလဲ"

"ဟို...ဟိုလေ.. အကိုလေးပြုံးတာ မမြင်ဖူးလို့။ ဟီးးး
သားသီချင်းဆိုတာကောင်းလို့ သဘောကျသွားတာမလား?"

မင်းခက သွားအဖြီးသားနှင့် စနောက်လိုက်တော့မှ
သွန်းအုပ်လည်း သတိပြန်ဝင်ပြီး ရှက်သွားသည်ထင်၏။ ချက်ချင်းကို မျက်ခုံးတစ်စုံကစိုက်ကျသွားပြီး မျက်နှာက ပြန်တည်သွားသည်။ ပြီးမှ သူပြုံးနေကျပုံစံအတိုင်း နှုတ်ခမ်းလေးတစ်ဖက်တွန့်ကျသွားရုံ မဲ့ပြုံးလိုက်ရင်း..

"မင်းသီချင်းဆိုတာ ရယ်ရလို့လေ။"

"ဗျာ"

သူသီချင်းဆိုတာမှာ ဘာကများ အကိုလေးကိုရယ်ရစေသလဲ မင်းခတကယ်မသိ။

"မင်းသီချင်းဆိုနေတာကို ကြည့်ပြီး ငါ ဟိုစကားပုံတစ်ခုကိုတောင် သတိရသွားတယ်"

မျက်လုံးအဝိုင်းသားဖြင့် စိတ်ဝင်တစားနားထောင်နေသည့် မင်းခအား အနေရခက်အောင် မင်းခ၏မျက်နှာအနီးဆုံးအထိ သွန်းအုပ်က တိုးကပ်သွားပြီးမှ...

အဝါရောင်အိပ်မက် (completed)जहाँ कहानियाँ रहती हैं। अभी खोजें