အခန်း-၁

Start from the beginning
                                    

ဦးသက်လွင်၏တူဆိုသော ကလေးအား
ဒေါ်သီရိ တစ်ချက်အကဲခတ်ကြည့်လိုက်သည်။
တီရှပ်အစုတ်ကလေးတစ်ထည်နှင့် ချည်သားအကွက်
ဘောင်းဘီလေးတစ်ထည်ကို ဝတ်ဆင်ထားသော အသားညိုညို၊ ခန္ဓာကိုယ်ဖွံ့ဖွံ့ထွားထွား ထိုကလေးလေးမှာ အလွန်ဆုံးရှိလှ.. အသက်၁၀နှစ်၊ ၁၁နှစ် ဝန်းကျင်လောက်သာရှိလိမ့်ဦးမည် ထင်မိ၏။

မျက်လုံးလေး ပုတ်ခက်ပုတ်ခက်လုပ်ရင်း သူမအား မဝံ့မရဲဖြင့် ပြန်ကြည့်နေပုံမှာ အသနားခံနေသလိုလို။ ထိုကလေး၏ အမူအရာနှင့် လူပုံစံလေးက မြင်ရသူများအဖို့ ချစ်စဖွယ်၊ သနားစဖွယ်ကောင်း၏။ စိတ်မကြည်နေသည့် သူမ၏အမြင်မှာတော့ အာရုံနောက်စရာတစ်ခုပေါ့လေ။

ကလေးကလည်း ခပ်ငယ်ငယ်၊ ဘယ်ဘက်ကလှည့်တွေးတွေး ငြင်းလိုက်ဖို့လည်း မသင့်တော်တာမို့ လက်ခံရန်သာ ဆုံးဖြတ်လိုက်တော့သည်။  သူမတို့အတွက်လည်း အပန်းကြီးတာမှမဟုတ်ပဲ။

"အင်းလေ.. ဦးလေးသက် စောင့်ရှောက်မှဖြစ်မယ်ဆိုတော့လည်း ခေါ်ထားလိုက်ပေါ့။ ဒါပေမယ့် ကျွန်မက ရှုပ်ရှုပ်ယှက်ယှက်တွေကိုတော့ မကြိုက်တာ ဦးလေးသက်လည်း သိတယ်မလား? ကိုယ့်တူကိုယ် ဒီအိမ်က စည်းကမ်းတွေကိုလည်း သေချာပြောပြထားလိုက်ပါ"

ဒေါ်သီရိက ဦးသက်လွင်အား ပြောနေရင်းမှ
မင်းခလေးအား ပြန်ကြည့်လိုက်ရင်း..

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"သား.. သားနာမည်က နေမင်းခလို့ခေါ်ပါတယ်ခင်ဗျ"

နေမင်းခလေးက ကြောက်ကြောက်လန့်လန့်နှင့်ပင်
ဒေါ်သီရိ၏ မေးခွန်းအား အထစ်ထစ်အငေါ့ငေါ့
ပြန်ဖြေရှာသည်။

တူလေးကိုကြည့်ရင်း ဦးသက်လွင် စိတ်မကောင်းသဖြင့်
ပင့်သက်ဖွဖွ ခိုးရှိုက်မိ၏။ ဒီအိမ်ကြီးထဲသို့
ဝင်လာပြီးကတည်းက အိမ်ကြီး၏အရှိန်အဝါနှင့်
ဒေါ်သီရိ၏ မာနတကြီးဆက်ဆံမှုတို့ကြောင့်
မင်းခလေးက အားငယ်သွားပုံရသည်။ နဂိုကတည်းက ဝမ်းနည်းလွယ်သည့်ကလေးက အခုတော့ မျက်ရည်တွေတောင် ဝဲနေပြီ။

ဒေါ်သီရိကတော့ ခုနကအတိုင်း မျက်နှာထားက မှုန်မှုန်မှိုင်းမှိုင်းဖြင့်ပင်...

အဝါရောင်အိပ်မက် (completed)Where stories live. Discover now