ခု သူအိပ်လိုက်ရင်
ညနေကျရင်နိုးပါ့မလားမသိနိုင်။
သူအနေနဲ့သက်သက်ကြီး ထိုင်စောင့်ဖို့တော့
လုံးဝ မဖြစ်နိုင်ဘူး ။

Min Yoongi : Hollyရေ...မင်းရဲ့Park Jiminက ရှုပ်လိုက်တာ ဘာလို့လာဦးမှာတဲ့လဲ

Two days later,

Min Yoongi : Min Hollyရေ မင်းရဲ့ ကျေးဇူးရှင်က တချက်လေးတောင်မင်းကို လာမကြည့်ဘူးပဲ တော်တော်မကြင်နာတတ်တဲ့ Park Jimin ၊ မင်းမျှော်မနေနဲ့ သိလား

Holly : ' ... ' Daddyက ပိုမျှော်နေတာလို့ထင်မိ (¬_¬)  ၊ ငါပဲမှားနေတာလား  ఠ ͟ಠ

....

တနေ့ခင်းလုံး ပင်ပန်းပြီး
ပြန်လာတဲ့Jiminကတော့
အပြန်ကျရင် ‌ဘေးအိမ်ကို
တခါလောက်သွားလိုက်ဦးမယ်ဆိုသော
အတွေးကို သတိမရနိုင်တော့ဘဲ
ပြန်ရောက်ရောက်ချင်း အိပ်ပျော်သွားတော့သည်။

အဖွဲ့လိုက် ဓာတ်ပုံရိုက်ရန် ကျန်နေသေးသည်မို့
နောက်တစ်နေ့ မနက်မှာလည်း
သူအလုပ်ရှုပ်နေရပြန်ပြီး
ညနေမိုးချုပ်မှ အိမ်ပြန်ရောက်သည်။

သူMin Yoongiနှင့် ပြန်တွေ့သည့်အချိန်က
နောက်သုံးလေးရက်ကြာသည့်အချိန်မှသာ ။

Jiminတစ်ယောက်
ခေါက်ဆွဲ ဘူး သုံးဘူးကို တပြိုင်ထဲ
ရေနွေးလောင်းထည့်နေတဲ့အချိန်မှာ
တံခါးဘဲလ်မြည်သံကြားရတာဖြစ်သည်။

သူတံခါးသွားဖွင့်လိုက်တော့
အရင်ဆုံး မြင်ရတာက
လှုတ်တုတ်လှုတ်တုတ် အမွှေးလုံးလေးကိုသာ ။

ခွေးပေါက်စလေးအကြောင်းနှင့်
MV ပြန်ရိုက်ဖို့ အကြောင်းပါတခါထဲလာပြောသည့်
Mr.Min ဟာ Jiminရဲ့ ကင်ချီတောင်မပါရှာသော
ခေါက်ဆွဲ သုံးဘူး ထမင်းဝိုင်းလေးကို
ကြည့်ပြီး သနားသွားရှာလေသည်ထင်ပါရဲ့
မပြန်ခင် သူ့အိမ်မှာ ထမင်းလာယူလှည့် ဟု
ဖိတ်ခေါ်သွားသည်။

Jiminလည်း ရှုပ်လိုက်တာ ဟိုကူးဒီကူးနှင့်ဟု
တွေးရင်း
မရှုပ်တော့အောင် ခေါက်ဆွဲဘူး တွေကိုင်ကာ
Min Yoongi အိမ်ပဲတခါထဲလိုက်သွားလိုက်တော့သည်။

အခုတော့
ထမင်း လေးပဲ ပေးမည်ဟု
ရည်ရွယ်ထားသော Yoongiသည်လည်း
Apronဝတ်ပြီး ကင်ချီထမင်းကြော်ပါ
ကြော်ပေးနေရပြီ။

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now