နောက်တော့ မြင့်မြတ်နှင့် အောင်နိုင်သူတို့ အနားကို
မြတ်မင်းကိုလည်း ရောက်လာလေ၏။

"ဘာရှာနေတာလဲ အကိုမြင့်မြတ်" ဟု မြတ်မင်းကိုမှ မေးလိုက်သည်။

"သီဟ ဝတ်နေကျ ဘုရားဆွဲကြိုးတဲ့လေ" ဆိုကာ အောင်နိုင်သူမှ မြင့်မြတ် ကိုယ်စား မြတ်မင်းကိုကို ပြန်ဖြေလိုက်လေသည်။

"ဘုရား ဆွဲကြိုးလား......."

"ဟုတ်တယ် ဘာဖြစ်လို့လဲ တွေ့မိလို့လား မြတ်မင်း" လို့ အောင်နိုင်သူကဘဲ ထပ်ပြောလိုက်လေသည်။

မြင့်မြတ် တစ်ယောက်မှာတော့ ကုန်းကုန်းကွကွနှင့် နေရာအစုံကို ရှာနေတော့တာပေါ့။

"အင်း...... သီဟ ဟိုတစ်လောက အကိုတို့ဆီကို သွားမယ် ဆိုတဲ့နေ့က ဘုရားဆွဲကြိုး တစ်ခု ကောင်တာမှာ ရှိနေတာကို ‌တွေ့လိုက်ရတယ်" ဟု မြတ်မင်းကိုမှ ဖြေလိုက်သည်။

မြတ်မင်းကိုလည်း ဖြေပြီးတော့ မြင့်မြတ်မှာ ဆွဲကြိုး ရှာနေတာ ရပ်လိုက်ပြီး ထရပ်လာလေသည်။ နောက်ပြီး မြတ်မင်းကိုအား စိုက်ကြည့်ကာ

"အဲ့ ဆွဲကြိုးက အခု ဘယ်မှာလဲ" ဟု မေးလိုက်လေသည်။

"အဲ့နေ့က သီဟဆီမှာ အသစ်ရှိတယ် ထင်ပြီးတော့ ဆွဲကြိုးကို ကောင်တာထဲက အံဆွဲထဲမှာ ထည့်ထားလိုက်တာဘဲ"

"ဒါဆိုရင်တော့ ဖြစ်နိုင်ပြီပေါ့" ဆိုကာ မြင့်မြတ်ကဘဲ အခိုင်အမာ ပြောလေတော့သည်။

"ဘာကိုလဲ ချစ်" ဟု အောင်နိုင်သူက နားမလည်တဲ့ ပုံစံဖြင့် ပြောလိုက်သည်။

"ဝိညာဉ် ၀င်ပူးတာလေ ...... ဘယ်လိုလဲတော့ မရှင်းပြတတ်ပေမယ့် ဖြစ်နိုင်တယ် ကိုအောင်ရဲ့" လို့ မြင့်မြတ်က အောင်နိုင်သူကို ပြောပြီးတော့ မြတ်မင်းကိုဘက် လှည့်လိုက်ကာ

"သီဟ ကူညီနေတဲ့ ဝိညာဉ်ရဲ့ နာမည်တော့ သိမှာပေါ့.....
အဲ့တာ သီဟ မြတ်မင်းကိုကို ပြောပြထားသေးလား" ဟု မေးလိုက်သည်။

"အင်း..... ပြောပြထားတယ် ဆောင်းပါးရေးတဲ့ နှင်းအိန္ဒြာထက် ဆိုလားဘဲ"

မြတ်မင်းကိုလည်း ပြောပြီးရော မြင့်မြတ် တစ်ယောက် ဆိုင်ဘက်ကို အပြေးအလွှာ ပြန်သွားလေသည်။ မြင်မင်းကိုနှင့် အောင်နိုင်သူတို့မှာလည်း ကြောင်တောင်တောင်လေး ဖြစ်သွားကြပေမယ့်လည်း မြင့်မြတ်နောက်သို့ အမြန် ပြေးလိုက်သွားရလေတော့သည်။ ဆိုင်ထဲကို ရောက်တော့ မြင့်မြတ်သူမှာ ပြာပြာသလဲဖြင့် တစ်ခုခုကို ရှာနေလေသည်။ ဒါနဲ့ ဆိုင်ထဲကို ရောက်လာတဲ့ အောင်နိုင်သူက မြင့်မြတ်ကို လှမ်းမေးလိုက်လေသည်။

SOULMATE[Complete]حيث تعيش القصص. اكتشف الآن