Description

9.3K 272 1
                                    

{Unicode}

အိမ်မက်မက်နေသူတစ်ယောက်ရဲ့ အိမ်မက်ထဲမှာ အိမ်မက်မက်ခံရသူဟာ နိုးထလာခဲ့လေပြီ

-Borges

" နေရောင်ခြည်ထဲမှာ ကိုယ်တည်ရှိတယ်၊ ဝေဟင်အလယ်မှာ ကိုယ်တည်ရှိတယ်၊ မိုးမြေတစ်ခွင်ကြားမှာ ကိုယ်တည်ရှိတယ်၊ နောက်ပြီး အိမ်မက်လေးတွေထဲမှာလည်း ကိုယ်တည်ရှိတယ် "

တစ်ခုသောညတွင် စိတ်အခြေအနေ လမ်းဆုံးရောက်နေသော တက္ကသိုလ်ကျောင်းသားလေး ယွီဟောက်သည် အိမ်မက်အတွင်းခရီးလွန့်လူးသွားလာနိုင်သော "General" ဟုခေါ် လျှို့ဝှက်ဆန်းကြယ် ဧည့်သည်တစ်ယောက်နှင့် အမှတ်မထင် ဆုံတွေ့ခဲ့သည်။ ထိုသူသည် ယွီဟောက်အား သိစိတ်တိုင်းပြည်အတွင်းရှိ မရေမတွက်နိုင်သော ပဟေဠိများကို ဖြေရှင်းစေခဲ့ပြီး ကွေ့ကောက်ရှည်လျားသော Great Wall ပေါ်တွင် မီးထွန်းညှိစေခဲ့သည်။

အရာအားလုံးပြီးဆုံးပြီးနောက် အမှောင်ထုသည်လည်း ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နေမင်းကတဖန်ထွက်ပေါ်လာခဲ့‌လေပြီ။ ရှည်လျားသောညဥ့်ယံကို တဖန်ပြန်လည် လင်းလက်စေပြီးသည့် အဆုံးမှာတော့ လက်တွေ့လောကရှိ ယွီဟောက်သည်လည်း အသစ်ပြန်လည် မွေးဖွားလာခဲ့လေပြီ။

ဟိန်းဟောက်မြည်‌ကြွေးလျက်ရှိသော မဟူရာရောင်နဂါး၊ မီးပြတိုက်နှင့် ကမ်းစပ်ရှိ မိစ္ဆာစက္ခု၊ Chichén Itzá ရှေ့၀ယ် တည်ရှိသော မိုးသစ်တော၊ Colosseum အလယ်တွင် လိုက်လံဖျက်ဆီးနေပါသော အရိုင်းဆန် သတ္တဝါကြီးများ ... ၎င်းတို့သည်ကား လူသားများ၏ နှလုံးအိမ်အတွင်း တည်ရှိနေခဲ့သည့် အနန္တမကောင်းမှု ဒုစရိုက်များသာ - ထိုမကောင်းမှုများသည် နေရောင်ခြည်တစ်မျှင်လျှင် မထိုးဖောက်နိုင်သော လူသားတစ်ယောက်၏ အသိဉာဏ်အတွင်း တည်ရှိရင်း လက်တွေ့လောကကိုကိုယ်စားပြုလျက် ပုံမှန်မဟုတ်သော ပုံသဏ္ဌာန်များဖြင့် ရောင်ပြန်ဟပ်လျက်ရှိနေကြသည်။

အိမ်မက်များအား သိမ်းပိုက်ယူခြင်းခရီးစဉ်မှာ ဆက်လက်ဖြစ်တည်လာခဲ့ပြီး သူရိန်နေမင်းသည်လည်း လူသားတို့၏ နှလုံးသားအား ဆက်လက်၍ အလင်း‌ဆောင်ကျဉ်းပေးသွားရန်သာ မျှော်လင့်နိုင်တော့သည်။

Duo Meng《夺梦》// Seizing Dreams TranslationHikayelerin yaşadığı yer. Şimdi keşfedin