တကယ်တော့ မတော်တဆ သွေး ချမ်းနေမည်စိုး၍ အဝတ်အကုန်ချွတ်ပြီး မစောင့်ခိုင်းတာ Min မပြောလည်း သွေးသိသည်။ အခန်းအပူချိန်က အသင့်အတင့်ပေမယ့်၊သွေးဟာ နုဖတ်မနေဘဲ အကြမ်းခံတာကို သိပေမယ့် သူ့ကျားပေါက်လေးဖြစ်နေလို့ကို Min က သိပ်ပြီးယုယ​၏။

ယခုမူ သွေးသည် Min ရှိရာနှင့် လိုက်ကာတစ်လွှာသာ ခြားတော့သည်။ ပထမဦးဆုံးအကြိမ်မဟုတ်ပေမယ့် သွေး ရင်တွေခုန်ရမြဲ။ ဆိုဖာပေါ် ခြေချိတ်ထိုင်လို့ ဝိုင်တစ်ခွက်အား အရသာခံနေသည့် Min ​၏ ပုံရိပ်ကို လိုက်ကာမှာ မြင်ရလေတော့ ကြောက်စိတ်အနည်းငယ် တိုးဝင်လာသည်။ ဒီတစ်ခါ ဝင်တာ ချစ်ကြဖို့မှ မဟုတ်ဘဲ။

သွေးကို အပြစ်ပေးဖို့၊ ဟိုငှက်နှစ်ကောင်အရှေ့မှာ သွေးကို အပြစ်ပေးဖို့။ Min ကို မရှက်ပေမယ့် အဲဒီငှက်နှစ်ကောင်​ကိုတော့ သွေး သိပ်ရှက်သည်။ မကြီးမငယ်နဲ့ ငှက်ပေါက်နှစ်ကောင်ရှေ့မှာမှ။ စောက်ကျိုးနည်း။ သွေးကို တစ်ယောက်ယောက် ကယ်တင်ပေးကြပါဦး။

"သွေး ရောက်ပါပြီ Min"

"ဝင်ခဲ့"

သွေး အသက်ကို ခပ်ဖွဖွရှူလို့ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်​၏။ လိုက်ကာစကို ဖွင့်လို့ အခန်းအတွင်း ခြေတစ်လှမ်းချလိုက်သည်နှင့် သွေး သူ့ကိုယ်သူ မပိုင်ဆိုင်တော့ချေ။

Room of Love ဟာ အချစ်တွေကို စည်းမျဉ်းတွေနှင့် ဝန်းရံထားသည့် အခန်းတစ်ခန်းပါ။ လွတ်လပ်သော အချစ်ဟာ ပေါ့ပါးသလောက် စည်းဘောင်တွေနှင့် အချစ်ဟာ လေးနက်​၏။

ပထမ လွတ်လပ်သော အချစ်ကိုပဲ ခံစားချင်ကြသူများက "သူက ဘာမို့လို့ ငါ့ကို လွှမ်းမိုးမှာလဲ။ ငါကရော ဘာဖြစ်လို့ သူလွှမ်းမိုးတာ ခံရမှာလဲ။ ငါဟာ အဲဒီလောက်ထိ မပျော့ညံ့ဘူး" ဆိုပြီး တွေးကောင်းတွေးနိုင်ရဲ့။ ဆိုသည့်အခါ ဒုတိယ စည်းရှိသောအချစ်ကို ရူးသွပ်သည့် သွေးက ပြန်ဖြေမည်။

သွေးဟာ Submissive တစ်ဦး။ သန်မာသည့် Submissive တစ်ဦး။ ဘာအကြောင်းကြောင့် Min အား Dominant အဖြစ် ရွေးချယ်ခဲ့သနည်း။ Min မို့လို့၊ Min ဖြစ်နေလို့ ဆိုသည့်ပုံစံမျိုး လုံးဝမဟုတ်။ ထစ်ခနဲရှိ သတ်မယ် ဖြတ်မယ်ဆိုသည့် သွေးဟာ အဲဒီလောက်အထိ ရိုမန့်တစ် မဆန်တတ်။ သွေး သန်မာသည်ထက် Min ဟာ အဆပေါင်းများစွာ ပိုသန်မာလို့ပဲဖြစ်​၏။

Blood of MINWhere stories live. Discover now