အပိုင်း (၇၈) - အန်းနန်းဆောင်

Start from the beginning
                                    

ဖူဝူထျန်းက ဝမ်းမြောက်ကြည်နူးဟန် ပြောလိုက်သည်။

"မဟုတ်ဘူး"

အန်းကျီယန် မျက်ခုံးက တွန့်ချိုးသွားလေ၏။

"အဲ့လောက်တောင် သေချာလား?"

ဖူဝူထျန်းက ပြန်ဖြေလေသည်။

“သူ ဒီမင်းသားရဲ့ လက်ထဲက စစ်သည်အင်အားကို ပြန်မရသေးသရွေ့ ဒီမင်းသားကို တိုက်ခိုက်နိုင်စွမ်း မရှိပါဘူး။ ဒါ့အပြင် ချန်းပြည်နယ် မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေက လူတိုင်း သိထားကြပြီးသားလေ။ သူ ဒါကို ဖျောက်ဖျက်ပစ်လို့မရဘူး။ ချန်းပြည်နယ် ရဲ့ အခြေအနေ တကယ် တိုးတက်လာတဲ့အခါကျရင် သူ အချိန်ဆွဲထားချင်ရင်တောင် လုပ်နိုင်စွမ်း ရှိမှာမဟုတ်တော့ဘူး”

အန်းကျီယန် တိတ်ဆိတ်သွားသည်။

ထို့နောက် ဖူဝူထျန်းက ပြောလိုက်၏။

"ဝမ်ဖေးလေး အဖေရဲ့ စတုတ္ထကိုယ်လုပ်တော်ကို အိမ်တော်ထဲ မရှိစေချင်ဘူးဆိုရင် သူမအတွက် အခြားခြံဝန်းတစ်ခုပြင်ဆင်ပေးလိုက်ကြတာပေါ့"

"ဟင့်အင်း...သူမကို အထဲမှာပဲ နေခိုင်းမယ်"

အန်းကျီယန် က သူ့ခေါင်းကို ခါလိုက်လေသည်ယေ သူမကို သူမြင်သာသည့် နေရာ၌ ထားခြင်းကို သူမကို ထောက်လှမ်းရန် ပိုမို လွယ်ကူသွားစေသည်။

ချုန်းမင်ဧကရာဇ်၏ အင်ပါယာအမိန့်စာက စောလည်းမစော နောက်လည်းမကျဘဲ အချိန်ကိုက် ရောက်ရှိလာသည်။ အန်းမိသားစု ရှိ လူများ ခြံဝန်းထဲသို့ ပြောင်းရွှေ့ပြီးမှ ရောက်လာသည်မို့ သူတို့သည် ယခုတွင် အန်းနန်းဆောင် သို့ ပြောင်းရွှေ့ရတော့မည် ဖြစ်သည်။ သို့သော် အန်းကျီယန် က ထိုနေရာကို မမြင်ဖူးသေးသည်မို့ သူက ချက်ချင်း ရွှေ့ပြောင်းလိုခြင်းမရှိပေ။ သူက နန်းဆောင်၏ အနေအထား ကို ဦးစွာ လေ့လာကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။ ဖူဝူထျန်းတွင်လည်း အခြားလုပ်စရာမရှိသည်မို့ အန်းကျီယန် နှင့်အတူ နန်းဆောင်သစ်သို့ လိုက်သွားလေသည်။ အန်းနန်းဆောင် က အင်ပါယာ ဖူနန်းတော်၏ ညာဘက်တွသ် ရှိလေသည်။ ထိုနန်းတော်နှစ်ခုမှာ ကပ်လျက် တည်ရှိနေပြီး ခြေးလှမ်းအနည်းငယ်မျှသာ ကွာဝေးသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now