ဟိုတစ်ယောက်ကဘာလုပ်နေတာလဲ ။
သူသောက်လက်စကော်ဖီ ခွက်ကို
ချထားရင်း အပြင်ထွက်ပြီး
Bell သွားတီးလိုက်သည်။

လေးငါးခြောက်ခါလောက်တီးနေတာတောင်
တုတ်တုတ်မျှမလှုပ်
ငြိမ်သက်နေတဲ့ အိမ်တံခါးကြီး ။
ခက်ခဲလိုက်တာနော် 
အိမ်မှာ မရှိဘူးထင်ပါရဲ့ ။

သူထပ်ပြီး ပြန်လာကြည့်တော့
ခွေးပေါက်စလေးက
ခွေတောင် အိပ်နေသည်။

**ဟေ့ ကလေးလေးရေ ဒီမှာ မအိပ်နဲ့ သွားသွား**

**ကလေးလေး.. **

သူကသာ လှမ်းအော်နေပေမဲ့
ခေါင်း တောင် ထောင်မကြည့် ။

**Yah !မင်း က ဘာလို့ လူကို အရေးတောင်မစိုက်ရတာလဲလို့ .. **

တကယ်ပဲ ပိုင်ရှင် နဲ့တထပ်တည်းပဲနော်။

သူခြားထားတဲ့အုတ်ခုံကို
ကြည့်တော့ ပန်းစိုက်ဖို့ပုံစံပေါ်ပေမဲ့
လောလောဆယ် တော့
မြက်ပင်တစ်ပင်နှစ်ပင်ပဲရှိတာရယ်။

ဒီအပင်တွေကို တက်ဖိလို့ရလောက်မလား ...

ဟုတ်ပါတယ် သူဟိုဘက်အိမ်ကို
ကျော်တက်ဖို့စဥ်းစားနေတာပါ။

သူအောက်ကို တချက်ငုံ့ကြည့်လိုက်သည်။
မြင့်တော့မြင့်ပေမဲ့
ငယ်ငယ်ကတည်းက အိမ်ပြင်ခိုးထွက်ချင်ရင်
အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ
သစ်ပင်တွယ်ပြီး ဆင်းခဲ့သူမို့
Jimin ‌အမြင့်မကြောက်တတ်တာမို့
ချက်ချင်းပဲ ကုတ်ကတ် တတ်ရင်း
ဟိုဘက်အိမ်ကို တန်းရောက်သွားသည်။

မတတ်နိုင်
ခဏနေ Eun Seok hyung ရောက်လာရင်
သွားရတော့မည်မို့
မြန်မြန်သွက်သွက်လှုပ်ရှားမှရမည်လေ ။

ရုတ်တရက် ရှေ့ရောက်လာတဲ့
အကိုချောချောလေး ကြောင့်
အမွှေးပွလုံးလေးက လန့်သွားပေမဲ့
ခေါင်း ပွတ်ပေးတာကို ငြိမ်ခံနေသည်။
Daddyက လူစိမ်းတွေခေါ်ရင်
အနားကပ်မခံရဘူး
မလိုက်ရဘူး တွေဘာတွေပြောထားပေမဲ့
ဒီကိုကိုက ကြည့်ကောင်းတော့
အဆင်ပြေပါတယ်။
သူသဘောကျတယ်။

**ကလေးလေးရေ ... ကိုကိုက အထဲကို ခေါ်သွားပေးမယ် နော် အပြင်မှာ အကြာကြီးနေရင်  အအေးမိမှာစိုးရိမ်လို့နော်**

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now