အပိုင်း (၇၃) - စစ်ကြောမေးမြန်းခြင်းနှင့် စိတ်အား ထက်သန်မှု

Start from the beginning
                                    

မည်သူက ထိုသို့ လုပ်ဆောင်ရဲကြောင်း သူမလည်း မသိပါချေ။

အန်းကျီယန် က သူမ၏ အမူအရာများကို ဂရုတစိုက် ကြည့်ရှုနေခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးထဲ၌ စိတ် ခံစားချက် အချို့ ဖြတ်ပြေးသွားကြောင်း တွေ့လိုက်သည်နှင့် တစ်ခုခု တော့ ရှိနေကြောင်း သူသိလိုက်ပေ၏။

ကျန်းပိက အန်းကျီယန် ကို နာကျင်ထိခိုက်အောင် မလုပ်ခဲ့ဖူးသည်မို့ ထိုကိစ္စနှင့် ပတ်သတ်ပြီး ကြောက်ရွံ့မနေပေ။ ပထမဆုံးအကြိမ် အဖြစ် သူမက ခေါင်းကို မော့ ရင်ကိုကော့ကာ သူမ၏ အသိစိတ်ကို ရှင်းလင်းနေစေလိုက်၏။

အန်းကျီယန်က ပြောလိုက်သည်။

"ခင်ဗျား က ကျွန်တော့်ကို နာကျင်အောင်လုပ်ဖို့ ကြိုးစားပါတယ်လို့ ကျွန်တော် ပြောမိလို့လား?အဲ့နေ့ ကျွန်တော် မတော်တဆ ဖြစ်ခဲ့တာကို စိတ်ထိခိုက်သွားလို့ ဆိုတာ လူတိုင်း သိထားကြတယ်လေ။ ဘာလို့ ကျွန်တော်က ခင်ဗျား ကို သံသယဝင်နေတယ်လို့ ထင်နေတာလဲ?ခင်ဗျား သိတာတွေကို ဘာလို့ မပြောပြရတာလဲ?"

သူမ အမှားလုပ်မိသွားကြောင်း ကျန်းပိ သိလိုက်သည်။ သူမက သူမ၏ ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်ကာ အကြည့်လွှဲလိုက်မိလေ၏။ သူမအကြည့်ထဲမှ ပြောင်းလဲမှုအဖုံဖုံက ပို၍ပင် ထင်ရှားလာလေသည်။

"ကျွန်တော် မေးတာကို ဖြေ!"

အန်းကျီယန် က တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်လေသည်။

သူမက ခဏမျှ တုန့်ဆိုင်းနေသော်ငြား တစ်ဖန် ပြန်တွေးမိသော် သူမ၌ မည်သည့် နောင်တမှ မရှိကြောင်း ပြသလိုသည်မို့ သူမ ကြားခဲ့ရသည့်စကားကို ပြန်ပြောပြလိုက်သည်။

"ငါက ဒီအကြောင်းအရင်းကိုပဲ သိထားတာ...နင့်ကို ထိခိုက်အောင် လုပ်တဲ့သူက တကယ် ငါမဟုတ်ဘူး"

အန်းကျီယန် က မျက်လွှာချလိုက်၏။

ကျန်းပိပြောသည့် အမှန်တရား ကို သူလည်း သိထားနှင့်ပြီး ဖြစ်သည်။

သူက ထို အစေခံနှစ်ဦးကို စစ်ဆေးမေးမြန်းပြီး ဖြစ်သော်ငြား သူတို့ကို တစ်ယောက်ယောက် က တမင်တကာ အဝေးပို့လိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ တကယ့်ကို တိုက်ဆိုင်မှု ဖြစ်သည်။ လူသတ်သမားက ထိုတိုက်ဆိုင်မှုကို အခွင့်ကောင်းယူပြီး ပြစ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now