⁂Z2⁂

80 9 1
                                    

Chanyeol ညတုန်းက တော်တော်နှင့် အိပ်မပျော်သော်လည်း နောက်နေ့နိုးလာတော့ သူမတူအောင် လန်းဆန်းတက်ကြွနေခဲ့မိသည်။ မနက် lecture ချိန်တွင် အိပ်မငိုက်စေရန် ကော်ဖီသောက်လိုက်ရတော့ အရာအားလုံးက ခါတိုင်းထက် စိတ်လှုပ်ရှားစရာ ကောင်းနေသလို။ ခါတိုင်းလိုပင် နေ့လယ်စာစားရန် Junmyeon Hyung နှင့် အဆောင်ရှေ့တွင်တွေ့ပြီး ကန်တင်းဆီ လမ်းလျှောက်နေသည့် တစ်ချိန်လုံး Chanyeol လွယ်အိတ်ကြိုးကို တင်းတင်းဆွဲထားရင်း ခြေထောက်နှင့် မြေကြီးနှင့် ထိမနေသလို မြောက်ကြွမြောက်ကြွ လုပ်နေခဲ့မိ၏။ နိုဝင်ဘာလကုန်ပီသစွာ campus တစ်ခွင် နှင်းဖြူဖြူများ ပုံနေပြီး လမ်းမက အနည်းငယ် စိုစွတ်နေသော်လည်း အမြဲတစေ လမ်းရှင်းအောင် ပွတ်တိုက်နေသော နှင်းခွဲစက်ရုပ်များကြောင့် ကံကောင်းထောက်မစွာ ချောတော့မချောပါ။ နှင်းများကြောင့် လမ်းသာချောနေလျှင် Chanyeol အငြိမ်မနေနိုင်ပုံဖြင့် တစ်မနက်တည်း သုံးလေးခေါက်လောက် ချော်လဲနေပြီးလောက်သည်။

"...ပြီးတော့ Hyung! သူကလေ နောက်လဆို ကိုရီးယားပြန်လာတော့မှာတဲ့ သိလား Junmyeon Hyung. အရမ်းရယ်ရတာပဲ။ ဆယ်မိနစ်လောက်တည်း စကားပြောလိုက်တာ အရမ်းရယ်ရတယ်။ နောက်ပြီးတော့လေ ဆံပင်ဖြူဖြူဝဲဝဲနဲ့ အရမ်းလိုက်တာပဲ။ ရယ်လိုက်ရင်လည်း ပါးလေးမို့တက်နေတာ။ အဲ့ဒါလေ တစ်ညလုံးလည်း စကားပြောပြီးရော-"

"Sehun!"

Junmyeon Hyung က သူတို့နှင့် တစ်လမ်းတည်းသွားနေသော Oh Sehun ကို မြင်မြင်ချင်း အသံအကျယ်ကြီး အော်လိုက်ရင်း သူ့ဆီ လျှောက်သွားသည်။ သူ့ဘာသာ သီချင်းနားထောင်ရင်း အေးဆေးလျှောက်လာဟန်ရသော Sehun က ပခုံးလှမ်းကိုင်သော Junmyeon Hyung ကြောင့် လန့်သွားပုံရပြီး ဂလယ်အူကြောင် မျက်လုံးများဖြင့် ပြန်ကြည့်လာ၏။ နောက်မှ နားရွက်ကို လှမ်းထိကာ သီချင်းပိတ်လိုက်ရင်း သူတို့ကို နှုတ်ဆက်သည်။

"အာ... Hyung တို့။ ကျွန်တော် နေ့လယ်စာ-"

"ဟုတ်တယ်။ နေ့လယ်စာ... အတူတူ စားကြမယ်မလား? တခြားနှစ်ယောက်ရော?"

Junmyeon က Sehun ကို စကားဖြတ်ပြောသည်။

"Jongin က ဒီနေ့ အတန်းမရှိလို့ ကျောင်းမလာဘူးတဲ့။ Tao က lecture မပြီးသေးဘူး"

Rendezvous [ChanBaek]Where stories live. Discover now