⁂U1⁂

656 49 12
                                    

Rendezvous /ˈrɒndɪvuː, ˈrɒndeɪvuː/

(n.) ချိန်းဆိုချက်။ ချိန်းတွေ့ခြင်း။ ဆုံရပ်။

(v.) ချိန်းဆိုသည်။ တွေ့ဆုံသည်။

၂၂ ရာစုအစောပိုင်း

ကိုရီးယားသမ္မတနိုင်ငံ

DDT စနစ်မပေါ်လာခင် ၂၁ ရာစုအစောပိုင်းတုန်းက ဝိညာဉ်ဖက်ဆိုသော စကားလုံးမှာ ကဗျာဆန်ဆန် ခိုင်းနှိုင်းသော အလင်္ကာတစ်ခုသာ ဖြစ်သည်ဟု Chanyeol ၏ လူကြီးများအားလုံးက ပြောလေ့ရှိသည်။ သို့သော် AuCo နှင့် DDT system ကို အသုံးပြုရင်း ကြီးပြင်းလာရသော Chanyeol ကတော့ဖြင့် DDT မရှိခင်က အချိန်ကို မှန်းဆ၍ပင် မတတ်နိုင်ပါ။

"အဘွားတို့ ငယ်ငယ်တုန်းက DDT မရှိဘူးဆိုရင် ဝိညာဉ်ဖက်ကို ဘယ်လိုရှာကြလဲ?"

ပွက်ပွက်ဆူနေသော တော့ပိုကီအိုးအောက်မှ မီးလျှံအား လက်ဖျံပေါ်မှ AuCo interface ဖြင့် အရှိန်ထိန်းညှိနေသော သူ့အဘွားက ၁၂ နှစ်သားအရွယ် Chanyeol ကို ငုံ့ကြည့်သည်။ အသက် ၇၈ နှစ်ရှိပြီဖြစ်သော အဘွားက ၂၁ ရာစု အစောပိုင်းတွင် မွေးလာသော်လည်း အခြားသက်တူရွယ်တူများလို AuCo ၏ စွမ်းရည်များအား ကြောက်ရွံ့တတ်ပုံမရပါ။ အဘွားနှင့် အသက်မတိမ်းမယိမ်း သူငယ်ချင်းများကတော့ AuCo ကို အကြောင်းကြောင်းကြောင့် မဖြစ်မနေ ဝတ်ရလျှင်တောင်မှ လုပ်စရာရှိတာလုပ်ပြီးသည်နှင့် ချက်ချင်းပင် လက်မှပြန်ခွာလေ့ရှိကြကြောင်း Chanyeol ဟိုးငယ်ငယ်လေးကတည်းက သတိထားမိသည်။

"အဘွားတို့တုန်းက ဝိညာဉ်ဖက်ဆိုတာ ကိုယ်တိုင်တည်ဆောက်ရတဲ့အရာမျိုး Chanyeol ရဲ့။ ကိုယ်နဲ့ ကိုက်ညီမဲ့လူကို ကိုယ်တိုင်လိုက်ရှာပြီး ကိုယ်လိုချင်တဲ့ဘဝကိုရဖို့ ကိုယ်တိုင် ပြုစုပျိုးထောင်ရတယ်"

အဘွားက ပုံမှန်ဆိုလျှင် သဘောထားကောင်းကာ အမြဲတစေ ပြုံးနေတတ်သော်လည်း ထိုစကားပြောနေသည့်အချိန်တွင် တည်သွားခဲ့သည်။ သို့သော် Chanyeol သူ့မျက်နှာထားကို အဓိပ္ပာယ် မဖွင့်တတ်သေးတာမို့ ဒီတိုင်း ဆက်မေးဖြစ်သည်။

"အဲ့ဒီဆို မရှာနိုင်ရင်ရောဟင် အဘွား? ဒါမှမဟုတ် အဘွားပြောသလို မပျိုး... မပျိုးထောင်နိုင်ရင်ရော?"

Rendezvous [ChanBaek]Where stories live. Discover now