⁂U3⁂

130 28 9
                                    

Baekhyun ကျောင်းပြန်မတက်ခင်နှင့် exchange program အကြောင်း ပြန်ပြောသည့် program တွင် မပါဝင်ခင် နှစ်ရက်နားချိန်ရသည်။ ပထမတစ်ရက်တွင် ဆေးခန်းသွားကာ ဆေးထိုးရန် အားမရှိသောကြောင့် Kyungsoo ချက်ပေးသော စွပ်ပြုတ်များကို အဖော်ပြုကာ အိမ်တွင်သာ ငြိမ်ကုပ်နေရသည်။ ဒုတိယတစ်ရက်တွင်တော့ ဆေးသွားထိုးဖြစ်ပါသည်။ သို့သော် ရာသီတုပ်ကွေးအတွက် ထိုးဆေးက လုံးလုံးလျားလျား အာနိသင်ပြရန် တစ်ရက်လိုအပ်သည်မို့ Baekhyun တစ်ရက်ကလေးမှ နားချိန်မရဟု ပြောလိုက်လျှင် ပိုမှန်လိမ့်မည်။

ထိုအချိန်မှသည် တစ်ပတ်လုံးနီးပါး Baekhyun ကျောင်းကိစ္စ၊ exchange program ကိစ္စနှင့် လုံးလည်ချာလည်လိုက်နေသည်မို့ Chanyeol နှင့် စကားပင် သိပ်မပြောဖြစ်ပါ။ ခရစ္စမတ်နေ့အပြီး နှစ်သစ်ကူးနေ့ထိ အားရက်ရတော့မှပင် Chanyeol ကို ဆက်သွယ်ဖြစ်တော့သည်။ Chanyeol ကလည်း ထိုတော့မှပင် Baekhyun ပြန်ရောက်သည့်နေ့က သူတို့ကြားမှ အကွာအဝေးက 00:00 ဖြစ်သွားသည့်ကိစ္စကို ပြောပြတော့၏။

"တကယ်ကြီးလား? 00 ဖြစ်သွားတော့ ဘာဖြစ်လဲ?"

"ဘာမှမဖြစ်ဘူးလေ။ မင်းရထားက ဆက်ထွက်သွားတော့ 01 ပြန်ဖြစ်သွားရော"

Baekhyun မျက်နှာကြက်ကို ငေးမောကြည့်နေမိရာမှ စုတ်သပ်မိသည်။ Baekhyun ကင်မရာပိတ်ထားတာမို့ Chanyeol က သူ့မျက်နှာကို မမြင်ရတာ သေချာသော်လည်း သူ့အသံကြားကြားချင်း တိုးတိုးရယ်၏။

"ဘာလဲ? မင်းက ဘာဖြစ်စေချင်လို့လဲ?"

"မသိဘူးလေ။ တချို့လူတွေပြောတာ 00 ဖြစ်သွားတဲ့အချိန်မှာ စာလုံးအရောင်ပြောင်းသွားတာမျိုး၊ သူတို့နှစ်ယောက်ဘေးက နံရံမှာ မီးရှူးမီးပန်းပုံတွေ လာပေါ်တာမျိုး အဲ့လိုဖြစ်တယ်ဆိုလားလို့"

"ဟုတ်လို့လား? ငါ Junmyeon hyung ဆီက အဲ့လိုမျိုး မကြားဖူးပါဘူး"

"ငါကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေလို့ သတိမထားမိကြဘူးလို့ ကြားတာကို"

Baekhyun ပြောရင်း သူ့ခေါင်းအောက်ထဲ လက်မောင်းထည့်အုံးလိုက်ကာ AuCo ကပ်ထားသော လက်ကို ပင့်မြှောက်ပြီး သူတို့နှစ်ယောက်ကြားမှ လက်ရှိအကွာအဝေးကို ကြည့်လိုက်သည်။ Chanyeol ရော သူရောက ဆိုးလ်မြို့လယ်တွင် ကျောင်းတက်နေတာမို့ နှစ်ယောက်လုံး၏ နေရာကလည်း ဆိုးလ်မြို့လယ်မှာပင်။ အချင်းချင်းဆီ လမ်းလျှောက်သွားလျှင် နာရီဝက်သာ ကြာမြင့်လိမ့်မည်။ Baekhyun လက်ပြန်ချလိုက်၏။

Rendezvous [ChanBaek]Where stories live. Discover now