အပိုင်း (၇၁) - ဉာဏ်ပူဇော်ခ

Start from the beginning
                                    

ကျန်းပိ ဘက်ခြမ်းတွင်တော့ သူမက ကျောက်စိမ်းရေစင်ခြံဝန်းဆီသို့ အန်းခယ့်ရှင်း ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။

သူတို့ ခြံဝန်းထဲ ရောက်သွားသည်နှင့် ကျန်းပိက သူ့သမီး၏ လက်ကို ခါချလိုက်သည်။

"နင် ဘာဖြစ်နေတာလဲ?နင် အမေ့လက်ကို အတင်းဆွဲထားတာ ဘယ်လောက် နာလဲ နင်မသိဘူးလား?"

သူမပြောပြီးသည်နှင့် လက်ကောက်ဝတ်ကို ပွတ်သပ်နေလေသည်။

အန်းခယ့်ရှင်း သူမစိတ်ထဲရှိ ဒေါသများ တည်ငြိမ်သွားစေရန် ကြိုးစား ထိန်းချုပ်လိုက်ရပြီး ပြောလိုက်သည်။

"အမေ...ကျွန်မ လင်းမိသားစုဆီ လက်ထပ်မှာကို အမေပဲ အသည်းအသန် ကန့်ကွက်နေခဲ့တာ မဟုတ်ဘူးလား။ ဒါဆို အမေ ဘာလို့ အခုကျမှ သဘောတူလိုက်ရတာလဲ?"

ဤသည်ကို ကြားလိုက်ရပြီး ကျန်းပိက အေးခဲသွားပြီးနောက် ပြုံးပြလာသည်။

"အော်...အမေက နင် ဘာများပြောမလဲ လို့ သိချင်နေတာ။ ဒီတော့ အဲ့ကိစ္စပဲကိုး။ ဘာပြဿနာ ရှိနေလို့လဲ?"

အန်းခယ့်ရှင်း က သူမကို မယုံကြည်နိုင်ဟန် ကြည့်လိုက်၏။

"လင်းရှင်း ဘယ်လောက်တောင် ရုပ်ဆိုးလဲ ဆိုတာကို အမေ မမြင်ဘူးလား?အမေက သမီးကို အဆင့်အတန်း မြင့်ပြီး အာဏာရှိတဲ့သူနဲ့ လက်ထပ်စေချင်ခဲ့တာ မဟုတ်ဘူးလား။ အမေ ဘာလို့ ရုတ်တရတ်ကြီး ဒီလို ဖြစ်သွားရတာလဲ?"

သူမက မေးခွန်းများကို တစ်ခုပြီးတစ်ခု တရစပ် မေးပစ်လိုက်သည်။ ယခုအချိန်၌ သူမ၏ ခေါင်းထဲတွင် 'ဘာလို့လဲ' ဟူသောမေးခွန်းများနှင့် ပြည့်နှက်နေသည်။

ကျန်းပိက ဆွဲဆောင်ညို့ငင်ဟန်ဖြင့် ပြုံးလိုက်ပြီး သူမမျက်နှာထက်ရှိ မျက်နှာချေမှုန့်များပင် ကျဆင်းလာမတတ် ဖြစ်သွားသည်။

"နင်ပြောတာလည်း မှန်ပါတယ်။ အမေက သမီးကို အန်းမိသားစုရဲ သမက်လိုမျိုး လူတစ်ယောက် နဲ့ လက်ထပ်စေချင်တာ။ သမီးအနေနဲ့ အဓိကဇနီး မဖြစ်နိုင်ရင်တောင် ကိုယ်လုပ်တော် ဖြစ်ရင်ကိုပဲ တော်တော်ကောင်းနေပြီ။ ဒါပေမယ့် အခု အမေတို့ရဲ့ လက်ရှိအခြေအနေကို သမီးလည်း သိတာပဲ။ သမီးအနေနဲ့ ဧကရာဇ်ကိုသာ လက်မထပ်နိုင်ဘူးဆိုရင် အမေတို့ အန်းကျီယန်ကို ဘယ်လိုများ ရင်ဆိုင်နိုင်မှာတဲ့လဲ?နောက်ထပ် အကောင်းဆုံးအရာကို ရွေးလိုက်တာက ပိုကောင်းပါတယ်။ အမေ့အမြင်တော့ လင်းသခင်လေး က သမီးကို အရမ်း နှစ်သက်နေပုံပဲ။ ဒီတော့ ဘာလို့ ဒီ အခွင့်အရေးကို အသုံးမချပဲ နေရမှာလဲ?"

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now