arc 1.10 (final)

Mulai dari awal
                                    

Daddy ရဲ့ ကုတင်ခေါင်းရင်းက စားပွဲလေးပေါ်မှာ Gerbera Daisy ပန်းလေးတွေကို ပန်းအိုးလေးနဲ့ထည့်ပြီး တင်လိုက်တယ်။ ပြီးတာနဲ့ Daddy ရဲ့ကုတင်ဘေး​က ထိုင်ခုံလေးမှာထိုင်လိုက်ပြီး ဆေးမသွင်းထားတဲ့ Daddy ရဲ့လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်တယ်။

"Daddy အိပ်လို့မဝသေးဘူးလား..Baby က Daddy ကိုလွမ်းနေပြီ..Daddy သိလား..ချန်ကလေ Baby စကားဆိုနားမထောင်ဘူး..Daddy နိုးလာရင် ချန်ကိုဆူးပေးရမယ်နော်..ဒီနေ့လည်း Baby Gerbera Daisy ပန်းလေးတွေယူလာတယ်..Daddy ပဲပြောခဲ့တယ်လေ Baby က Daddy အတွက် Gerbera daisy ပန်းလေးဆို..Daddy မကောင်းဘူး Baby ကို လက်ထပ်ခွင့်တောင်းပြီး အခုထိလည်းလက်မထပ်သေးဘူး..အိပ်ပဲအိပ်နေတယ်..Daddy နိုးလာရင် စိတ်အကြီးကြီးကောက်ပစ်မှာ''

ရှောင်းကျန့်က စကားပြောနေရာကနေရပ်လိုက်ပြီး သူ့ Daddy ရဲ့မျက်နှာလေးကို တွေတွေလေးငေးကြည့်တယ်။ ဆေးပိုက်တွေအများကြီးနဲ့ Daddy က အရင်ကလို ပါးဖောင်းဖောင်းကြီးတွေမရှိတော့ဘူး။

'system ငါတကယ် ဇာတ်လိုက်ကိုသတ်လို့မရဘူးလား'

'မရပါဘူးဆို host ရာ ဘာလို့အဲ့ဒါကိုပဲမေးနေရတာလဲ'

system လေးက သူ့ host အတွက် စိတ်မကောင်းပေမယ့် ကမ္ဘာရဲ့သားတော်တွေကို သတ်မိလို့မဖြစ်ဘူး။ သတ်မိသွားရင် ဒီကမ္ဘာကနေ ချက်ချင်းဆွဲထုတ်ခံရမှာ။

'ဟက်! သတ်လို့မရဘူးဆိုတော့လည်း သေတာထက်ဆိုးတဲ့ဒုက္ခတွေကို ခံစားခိုင်းလိုက်ရုံပေါ့'

ရှောင်းကျန့် system လေးနဲ့စကားပြောနေတုန်း သူဆုပ်ကိုင်ထားတဲ့ Daddy ရဲ့လ​က်ကလေး လှုပ်သွားတာကြောင့် အရေးပေါ်ခလုတ်ကို နှိပ်လို့အချက်ပေးလိုက်တယ်။ ချက်ချင်းပဲ ဆရာဝန်တွေရောက်လာပြီး စမ်းသပ်နေတာ​ကြောင့် ရှောင်းကျန့်က အခန်းအပြင်မှာထွက်စောင့်နေရတယ်။ စိတ်ထဲမှာလည်း ပျော်တာရော ဝမ်းနည်းတာရောပေါင်းပြီး ငိုချင်လာတာမို့ ကျချင်နေတဲ့မျက်ရည်တွေကို အတတ်နိုင်ဆုံး ထိန်းထားရတယ်။

"ဒေါက်တာ Daddy ရဲ့အခြေအနေဘယ်လို​နေလဲဟင်''

အခန်းထဲက ဒေါက်တာတွေထွက်လာတာတွေ့တာနဲ့ ရှောင်းကျန့်အလောတကြီးမေးမိတယ်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Tempat cerita menjadi hidup. Temukan sekarang