အပိုင်း (၆၉.၂) - ရူးဟန်ဆောင်ခြင်း

Start from the beginning
                                    

"ဒုတိယသခင်မလေး...ကျုပ်တို့က မိသားစုထဲက လူတိုင်း စားလောက်ရုံပဲ ချက်ထားတာပါ။ အခု သခင်မလေးအတွက် ဝေစုကို သခင်မလေးကိုယ်တိုင် ဖိတ်သွားအောင် လုပ်လိုက်တာဆိုတော့ သခင်မလေး ကို ပေးစရာ အစားအစာ မရှိတော့ပါဘူး"

အန်းခယ့်ရှင်း က လှောင်ပြောင်ပြောဆိုလိုက်သည်။

"ဒီသခင်မလေးက မဖြစ်စလောက် မသဒ္ဓါရေစာလေးကို ဂရုစိုက်နေမယ်လို့ ရှင် ထင်နေတာလား။ ရှင် စောင့်နေလိုက်...ဒီသခင်မလေးက တစ်နေ့ကျရင်  ရှင်လုပ်ခဲ့သမျှ နောင်တရအောင် လုပ်ပြမယ်"

"ဒါဆိုရင်တော့ ကျုပ် စားဖိုမှူးဝမ်က သခင်မလေး ကျုပ်ကို ဘယ်လို နောင်တရအောင် လုက်ပြမယ် ဆိုတာကို စောင့်နေရမှာပေါ့လေ"

စားဖိုမှူးဝမ်က သူမကို လုံးဝ ကြောက်ရွံ့မနေပါပေ။

အန်းခယ့်ရှင်း က လှည့်ထွက်သွားလေသည်။

အစေခံနှစ်ဦးက သူမ ဒေါသပုန်ထကာ ထွက်လာသည်ကို မြင်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်လေ၏။

"ငါ ကြားတာတော့ ကိုယ်လုပ်တော်ကျန်းက စီရင်စုအောက်တရားသူကြီး ကျန်း ဆိုလား ဘာလား အဲ့တစ်ယောက်နဲ့ ပေါင်းပြီး သခင်လေးကို
အကွက်ချ ဖမ်းဆီးဖို့ ကြံစည်ခဲ့တာ တဲ့။ သူမက သခင်လေးနဲ့ ကူရဲ့ရှေ့မှာကို တကယ်လုပ်ခဲ့တာ။ ဒီလိုမျိုး လုပ်ရဲတယ်ဆိုမှတော့ အကျိုးဆက်ကိုလည်း လက်ခံနိုင်ရမှာပေါ့ဟာ။ ဘာကိစ္စ ရူးချင်ဟန်ဆောင်ရတာလဲ?ဒီလိုလူမျိုးက မိုးကြိုးပစ်ခံရသင့်တယ်"

"အမှန်ပဲ ။ အဲ့ဒီအချိန်က ကူရဲ့ကြောင့်သာ မဟုတ်ဘူးဆိုရင် ငါတို့အားလုံး အကျဥ်းထောင်ထဲ ရောက်နေလောက်ပြီ"

"အချို့လူတွေကတော့လေ...သူတို့ကိုယ်သူတို့ သခင်မလေး ဆိုပြီး အာဏာပြချင်နေတုန်းပဲ။ သူတို့ကိုယ်သူတို့ အဲ့ဒီ ဂုဏ်ပုဒ်နဲ့ တန်မတန် ဆိုတာကို ဘာလို့ မစဥ်းစားကြပါလိမ့်"

အန်းခယ့်ရှင်း သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ တစ်နေ့၌ ထိုလူများအားလုံး ပြန်လည်ပေးဆပ်ရမည် ဟု စိတ်ထဲမှ ကျိန်ဆိုလိုက်လေ၏။ သေချာပေါက် ပေးဆပ်ကြရမည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now