သူတို့ အကုန်လှည့်ပတ်ကြည့်လိုက်သည်။ နေရာလွတ်နှစ်နေရာကျန်သည့် တစ်လုံးတည်းသော ခုံတန်းမှာ ရင်းချယ်ထိုင်နေသည့်နေရာဖြစ်သည်။ ကျန်းခဲ့ဟာ တွန့်ဆုတ်နေပြီး မသွားရဲပေ။ ကျန့်ယောင်သည်တော့ ရင်းချယ်၏ဘေးတွင် တန်းပြီး၀င်ထိုင်လိုက်ကာ သူ့ကိုလက်ယက်လို့ လှမ်းခေါ်သည်။
"လာစမ်းပါ ကျန်းခဲ့ရာ ငါ့ဘေးခုံကသူငယ်ချင်း‌လေးက ကိုက်မစားပါဘူး"

ရင်းချယ်၏ အမူအရာကမူ အပုပ်နံ့တစ်ခုခုကို ရှူရှိုက်မိသည့်အလား။
"မင်း ငါ့ကိုထိနေပြီ"

ကျန့်ယောင်ငုံ့ကြည့်လိုက်တော့ သူတို့ရဲ့ယူနီဖောင်းအစွန်လေးတွေ ထိနေတာပင်။

"......"

ကျန့်ယောင် သူ၏ယူနီဖောင်းအစကို တစ်စင်တီမီတာလောက် ပြန်ဆွဲယူလိုက်၏။
"တအားကို ထိန်းသိမ်းနေတတ်လိုက်တာများ၊ ကိုယ့်အတန်းဖော်ကိုတောင် ဖော်ဖော်ရွေရွေမရှိဘူး....ဟေး! မင်းမပူဘူးလား? ကြယ်သီးတွေအကုန်တပ်ထားတာရတာ"

First Highမှာက ကျောင်းယူနီဖောင်းမှာ ပုံစံမျိုးစုံရှိသည် - လက်ရှည်၊ လက်တို၊ သပ်သပ်ရပ်ရပ်နှင့် အားကစား၀တ် စသဖြင့်ပေါ့။ စာသင်နှစ်စကတည်းက ရင်ချယ်ကား တစ်ချိန်လုံးကြယ်သီးအပြည့်တပ်ထားသည့် အဖြူရောင်ရှပ်အင်္ကျီကိုပင် ၀တ်ဆင်လေသည်။ ကာယချိန်တွင်တောင်မှ မလဲပေ။

ရင်းမိသားစုသာ အရမ်းချမ်းသာကြောင်းမသိလျှင် ‌သူ့မှာ ကျောင်းယူနီဖောင်းဒီတစ်စုံတည်းပဲရှိလို့ဟု တွေးမိပေလိမ့်မည်။

"မပူပါဘူး"
ရင်းချယ်ကား မျက်မှောင်ကြုတ်လျက်
"ထိုင်ရုံထိုင်၊ ငါ့ဘက်ကို တအားမကပ်နဲ့"

"မရဘူးလေ၊ ကျန်းခဲ့လည်း ထိုင်ရဦးမှာ၊ ငါမှမတိုးရင် သူထိုင်စရာနေရာမရှိတော့ပဲဖြစ်မှာပေါ့၊ မင်းဟိုဘက်နည်းနည်း တိုးလိုက်"

"မတိုးဘူး"

"မင်းမတိုးရင် ငါတိုးရလိမ့်မယ်"
ကျန့်‌ယောင် သူ့ဆီသို့မှီသယောင်ဟန်ပြလုပ်လိုက်သည်။

ရင်းချယ်က ချက်ချင်းထ,ရပ်ကာ ‌ဒေါသတွေတစ်ထောင်းထောင်း ထွက်လို့နေလေသည်။
"မင်းရူးနေလား(နေမကောင်းဘူးလား)?"

Pay Attention To Me [Myanmar Translation]Where stories live. Discover now