L ~ LONELY

1.9K 133 13
                                    

Jisoo တော်တော်လေးကြာအောင် ငိုနေပြီးမှ မှောင်လာပြီမို့ ပြန်ဖို့အတွက် အားယူကာ မတ်တတ်ထရပ်လိုက်ပြီး တုန်တုန်ယင်ယင်နဲ့ပင် Chaeyoung ရဲ့ ကားအနီလေးပေါ် တက်လိုက်သည် ။

☁️ အိမ်ပြန်ရမယ်... ဟုတ်တယ်... ယောင်းက အိမ်မှာ ထပ်တွေ့မယ်ပြောသွားတာ... ယောင်း ကျေနပ်တဲ့အထိ တောင်းပန်ရမယ်... ရှင်းပြရမယ်... ယောင်း အမုန်းတွေကို ခံယူရအုန်းမယ်... ဟုတ်တယ်.. အိမ်ပြန်ရမယ် ...☁️

စတီယာဒိုင် ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ အိမ်ပြန်ရမယ်လို့ ပါးစပ်က
တဖွဖွ ရွတ်နေပေမယ့် လက်တွေက တုန်ယင်နေခဲ့သည် ။ အရင်က ကားတိုက်မိဖူးတဲ့ အဖြစ်အပျက်တွေက ခေါင်းထဲမှာ တရိပ်ရိပ်ပေါ်လာပေမယ့် မျက်လုံးကို မှိတ်ကာ လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပေါ်လာတဲ့အတွေးတွေကို ရှင်းထုတ်နေရသည် ။  နောက်ဆုံး စိတ်ကိုတင်းကာ အသက်ဝဝရှူပြီး အရဲတင်းကာ ကားစက်ကို နှိုးလိုက်ပြီး မောင်းထွက်လာခဲ့လိုက်သည် ။

တရိပ်ရိပ်ဖြတ်ပြေးနေတဲ့ လမ်းမထက်က အရိပ်တွေက သူ့နောက်ကို လိုက်နေသလို... ကြောက်အားလန့်အားနဲ့ ကားကိုအရှိန်တင်မိတော့ မျက်လုံးထဲမြင်ယောင်လာတာက  သွေးအိုင်ထဲက LiLi ရဲ့  ပုံရိပ် ...
အရင်က ဖြစ်ခဲ့တာ အခုကောင်းသွားပြီလို့အတင်းတွေးလိုက်ပြီး ခေါင်းကို ခါယမ်းကာ မြင်ကွင်းကို
ရှင်းထုတ်လိုက်ပေမယ့် နားထဲမှာ
ကြားလာတာက ယောင်းရဲ့ လူသတ်သမား ဆိုတဲ့ အသံ...

" အား...... မဟုတ်ဘူး.... မဟုတ်ပါဘူးးး ယောင်းရယ်... တကယ် မတော်တဆ ပါ.... တကယ်မ... မရည်ရွယ်ပါဘူး... မတော်တဆပါ.... လူမသတ်ပါဘူး.....မဟုတ်ဘူး... "

ဆုပ်ကိုင်ထားတဲ့ လက်တွေက စတီယာဒိုင်ကို   သတိလက်လွတ် အဆက်မပြတ် ထုမိတော့ ကားက ယိမ်းထိုးနေလေရဲ့ ။
မျက်ရည်တွေ အဆက်မပြတ်ကျပြီး မျက်လုံးကို မှိတ်ထားမိတာ ကားမောင်းနေတယ်ဆိုတာတောင် သတိမထားမိ ။
ဒီအချိန်မှာပဲ ပိုက်ဆံအိတ်ထဲက ထ မြည်တဲ့ ဖုန်းသံကြောင့် Jisoo အသိစိတ်ဝင်လာပြီးမှ ကားကို ထိုးရပ်လိုက်သည် ။

☁️ Oh.. God... တော်ပါသေးရဲ့ ... သူ အသိစိတ်လွတ်သွားရင်းက အရင်ကလို လူထပ်မတိုက်မိတော့လို့... ☁️

ACCIDENTALLY Where stories live. Discover now