E ~ Evil

1.4K 139 8
                                    

" LiLi ရော့... Apple juice လေးသောက်လိုက်အုန်း "

" ဟင်... မနက်စာ ကော်ဖီသောက်နေကျ LiLi က "

" အင်း... Unnie သိတော့သိပါတယ်...
ဒါပေမယ့် Juice က LiLi ကျန်းမာရေးအတွက် ပိုကောင်းမယ်ထင်လို့ Unnie ဒါလုပ်ပေးထားတာ... LiLi မကြိုက်ရင် နောက်ရက်ကျ တခြား Juice လုပ်ပေးထားမယ်လေ "

" Ar... Arnyi yaa... ရပါတယ်... ကြိုက်ပါတယ်.ဒါ.. . ဒါပဲ သောက်ပါ့မယ် "

Jisoo Unnie ရောက်လာတာ Lisa အတွက်တော့ ငယ်ငယ်ကတည်းက ဆုံးသွားတဲ့ အမေ အစားပြန်ရလိုက်သလိုပင် ။ အသေးစိတ်က အစ လိုက်ပြီး ဂရုတစိုက်
စီစဥ်ပေးတတ်တဲ့ Unnie ကို စိမ်းမနေတော့တာတော့ သေချာပါသည် ။ Lisa Jisoo ကို ငေးနေရင်းက နှုတ်ခမ်းက အနာကို သတိထားမိသွားသည် ။ ညကလည်း Unnie Chae အခန်းထဲက ဝုန်းဒိုင်းကျဲသံ ကြားလိုက်ရသေးသည် ။
နောက်ပြီး ငိုသံသဲ့သဲ့ရော ကြားမိလားလို့ ။ Lisa ထမကြည့်နိုင်ပေမယ့် Jisoo Unnie ငိုနေတာတော့ သိလိုက်သည် ။
အခုလည်း ကြည့် ဖြူဖျော့နေတဲ့ နှုတ်ခမ်းနဲ့ ချောင်ကျနေတဲ့ မျက်လုံးတွေက ညက
တစ်ညလုံးငိုထားတာကို သက်သေပြနေလေရဲ့ ။
Lisa သက်ပြင်းလေး ခပ်ဖွဖွသာ
ချမိလိုက်သည် ။ Chae Unnie က ဘာလို့ အဲ့လောက်တောင် ခက်ထန်နေရတာပါလိမ့်...

" LiLi ... စားပြီးရင် သွားရအောင် "

" ဟင်... Unnie... မနက်စာ မစားတော့ဘူးလား ။ ဒီမှာ Jisoo Unnie က အကုန်အဆင်သင့်လုပ်ပေးထားတယ် "

" တော်ပြီ... စားချင်စိတ်မရှိဘူး "

" ဟို... ယောင်း... အာ.... sorry... Chaeyoung  စားလိုက်ပါ.... တို့  အခန်းထဲ သွားနေပေးပါ့မယ် "

Jisoo မျက်နှာမြင်လိုက်ရလို့ စားချင်စိတ်မရှိတာဆိုတာ သိတဲ့အတွက် အလိုက်တသိပဲ Jisoo ထွက်လာပေးလိုက်သည် ။
ဒါတောင် ဒီပါးစပ်က နာမည်ကို မှားထွက်သေးတာ...

" Ahh... "

ပါးစပ်လေးကို ခပ်ဖွဖွလေး ကိုယ့်ဘာကိုယ် ပိတ်ရိုက်လိုက်ပေမယ့် နှုတ်ခမ်းက အနာကို ထိမိတော့မှ နာနာကျင်ကျင် ပြုံးရသေးသည် ။ သူပေးတဲ့ ဒဏ်ရာက နာကျင်ရတာတောင် ချိုမြိန်နေတုန်းပဲ ...

Jisoo အခန်းထဲဝင်သွားတော့မှ Lisa Chaeyoung ကို မဝံ့မရဲမော့ကြည့်လိုက်သည် ။ အဲ့တော့မှ အစ်မတော်က
ခပ်တည်တည်ပဲ စားပွဲမှာ ဝင်ထိုင်သည် ။ LiLi အတွက် ထည့်ထားတဲ့ Juice ကို လက်လှမ်းလာတော့

ACCIDENTALLY Where stories live. Discover now