D ~ Don't You Love Me?

1.5K 140 11
                                    


Lisa တစ်ယောက် Center ထဲက
ထိုင်ခုံပေါ်မှာ စိတ်လှုပ်ရှားစွာနဲ့ ထိုင်နေမိသည်။
ခေါင်းထဲမှာ အတွေးတွေက ယောက်ယက်ခတ် လျက် ။ ရှုပ်ထွေးနေတဲ့ အခြေအနေကြီးကို နားလည်ဖို့ရာ
အသဲအသန်စဥ်းစားရင်း လက်ကလေးကို ဆုပ်လိုက်ဖြန့်လိုက် လုပ်နေမိသည် ။
ဒီနေ့ Lisa ရဲ့ စိတ်အခြေအနေအရ ကုထုံးလုပ်ပေးတဲ့ ဆရာမကလည်း Jennie ကိုသာ အကြောင်းကြားပြီး ဘေးကနေ ထိုင်စောင့်ပေးနေသည် ။

ထိုအချိန် ကရောကပါးနဲ့ Center ထဲ ဝင်ချလာတဲ့ မမ

" မမ.... မမ.... ဘာ.. ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ.. LiLi ကို ပြောပြပါအုန်း "

" ဘာ.. ဘာကို ပြောတာလဲဟင် LiLi "

" Jisoo Unnie အိမ်ပေါ်ရောက်နေတယ် မမရဲ့.... Unnie Chae ခေါ်လာတာတဲ့ "

" အော်.... Unnie က LiLi တို့ အိမ်ကို ရောက်သွားတာပဲ ဟူး..... "

Jennie သက်ပြင်းခပ်လေးလေးကြီးကို သံရှည်ဆွဲကာ ချလိုက်သည် ။
သူကိုယ်တိုင်လည်း အရာအားလုံးကို
နားမလည်ပါ ။ အိမ်မှာရော Company မှာရော မိုးမီးလောင် တဲ့အတိုင်း တက်လိုက်တဲ့ ပြဿနာတွေ ။ အဓိက အကြောင်းအရာက Unnie က ဘာတစ်ခွန်းမှ မပြောမဆိုပဲ Chaeyoung နဲ့ လက်ထပ်လိုက်ပြီး
သူပိုင်တဲ့ ရှယ်ယာတွေအကုန် Chaeyoung ကို လွှဲပေးလိုက်လို့ပင် ။
J&J ကိုတော့ Jennie အတွက် ရှေ့နေနဲ့ ပြောဆိုပြီး လွှဲပစ်ခဲ့သည် ။
အိမ်ပေါ်ကနေလည်း ဆင်းသွားသည် ။ မောင်းချလိုက်တာဆို ပိုမှန်မှာပါ.... အခုတော့ တော်ပါသေးတယ်... LiLi တို့ဆီ ရောက်သွားပြီတဲ့ ။

" မမ.... LiLi နားလည်အောင် တစ်ခုခုတော့ ရှင်းပြပါအုန်း ။  Unnie Chae ကလည်း
ဘာမှမေးလို့မရဘူး ။  Jisoo Unnie နဲ့ လက်ထပ်လိုက်တယ်တဲ့...။ သူ ဒီမှာ နေလိမ့်မယ် ။ LiLi ကို အနီးကပ်ပြုစုစောင့်ရှောက်လိမ့်မယ်တဲ့ ကျန်တာထပ်မမေးနဲ့လို့ ပြောတယ်... LiLi တော့ အံ့သြလွန်းလို့ Shock တောင် ရတော့မယ် "

" အင်း.... LiLi က shock ရတော့မှာပဲ
ရှိသေးတာ ။ မမ တို့က ရှော့အကြီးကြီးကို ဖြစ်ပြီးသွားပီ..။  ဖူးးးး စိတ်ကို ငြိမ်ငြိမ်လေးထားပြီး နားထောင်နော် LiLi... မမ လည်း ဖြစ်သွားတဲ့ကိစ္စတွေကို လိုက်မမီပင်မယ့် အတတ်နိုင်ဆုံး သိသလောက်ပြောပြမယ်..
Jisoo Unnie က သေချာစီစဥ်ပြီးကို တမင်လုပ်သွားတဲ့ လုပ်ရပ်ပဲ... LiLi... သူ့ရည်ရွယ်ချက်ကို သူ ရအောင် အကောင်အထည်ဖော်သွားတာ ။ သူ့အတွက် သူ မစဥ်းစားပဲနဲ့ကို မိုက်ရူးရဲဆန်သွားတာ "

ACCIDENTALLY Where stories live. Discover now