A ~ All of Me

1.6K 139 9
                                    


" Chae Unnie !!! 
အဲ့ဒါ LiLi စီးတဲ့ဟာလေ ... ဘာလို့ ကိုယ့်လှေကားကိုယ် မသုံးတာလဲ.... ပျက်ကုန်တော့မှာပဲ Unnie yaaa... "

Chaeyoung တစ်ယောက် Company က အပြန် အိမ်ပေါ်တက်ဖို့ LiLi စက်လှေကားလေးကို စမ်းသုံးကြည့်မိပါတယ် ။
ဧည့်ခန်းကနေ အော်လိုက်တဲ့ LiLi
အသံကြောင့် လန့်သွားကာ တုန်တောင်တုန်သွားသည်။

" အဲ... LiLi သုံးရတာ အဆင်ပြေမပြေ စမ်းကြည့်ပေးနေတာ "

" ဟင်း.... အဆင်ပြေလို့မှ သုံးနေတာ တစ်လတောင်ရှိတော့မယ်ကို...Unnie နော် အပျင်းကြီးပြီး LiLi ဟာ လာမသုံးနဲ့နော်  "

" အာ.... ... Unnie ပင်ပန်းလာလို့ လှေကားမတက်ချင်လို့ပါ.. ဒီတစ်ခါပဲကို "

ပြောလည်းပြော ခပ်တည်တည်နဲ့ပဲ LiLi ကို ကျောခိုင်းကာ အခန်းထဲဝင်ပြေးရတော့သည်။ တော်သေးတယ် ။
Kim Jisoo မမြင်သွားလို့...။

" Arr... Unnie ကတော့... "

" Jisoo Unnie တွေ့လိုက်လား Unnie Chae က LiLi လှေကားကို စီးနေတယ် "

မီးဖိုချောင်ထဲကနေ LiLi အတွက် အသီးဗန်းလေးကိုင်ကာ ထွက်လာတဲ့ Jisoo ကို Lisa လှမ်းတိုင်တော့သည်။

" ရှူးးးးတိုးတိုး... LiLi ရဲ့ "

Jisoo တစ်ချက် အပေါ်ကို မော့ကြည့်လိုက်ပြီး Chaeyoung မရှိတာသေချာမှ
LiLi ရှေ့မှာ ဝင်ထိုင်လိုက်သည် ။ သူ မြင်လိုက်တာပေါ့ ယောင်းရဲ့ ရှက်ကိုးရှက်ကန်း မျက်နှာလေး ။ ချစ်ဖို့ကောင်းလို့ မီးဖိုချောင်ထဲက ချောင်းကြည့်နေမိတာလေ ။

" Chaeyoung ကြားသွားလို့ ရှက်သွားအုန်းမယ် LiLi ရဲ့... ဟီး.. Unnie LiLi အော်သံကြားကတည်းက မီးဖိုချောင်ကနေ ချောင်းကြည့်နေတာ... မြင်လိုက်ပါ့... ယောင်းက ချစ်စရာလေး hee hee "

" ဟင်း.... ကိုယ့်ငါးချဥ် ကိုယ်ချဥ်နေပြန်ပြီ ... ဒီလောက် မျက်နှာကြောတင်းတဲ့ Unnie ကိုများ... ဘာတွေ ကြည့်ချစ်နေတာတုန်း ဟမ်??? "

" အာာာ... ချစ်ဖို့ကောင်းပါတယ် LiLi ရဲ့.... အင်းးး ဘယ်လိုပြောရမလဲ... Unnie က ယောင်းရဲ့ အရာအားလုံးကို ချစ်တယ်....
သူ့ရဲ့စူပုပ်နေတဲ့မျက်နှာလေးကအစ အမြဲမှုန်ကုပ်နေတဲ့ မျက်ခုံးလေးအဆုံးထိ ချစ်တယ် ဟီး... "

ACCIDENTALLY Where stories live. Discover now