N ~ No Pain No Gain

1.5K 140 9
                                    

" ဟုတ်ပြီ... LiLi yaa... ခဏလေးပဲ...
တောင့်ထား.. တောင့်ထား.... "

" အားးးး.... လက်နာတယ် မမရဲ့ ... "

" မမကို ပခုံးကို အားပြုထားလေ... ခဏလေးပဲ... "

Center မှာ LiLi ကို မတ်တပ်ရပ်လေ့ကျင့်နေခြင်းဖြစ်သည် ။ ဆရာမ က ကူပေးမယ်ပြောတာကို မမ က သူကိုင်ထားပေးမယ်ချည်းပြောကာ အတင်းကာရော
သူ့ကိုယ်လုံးလေးနဲ့ LiLi ကို ထိန်းပေးထားသည် ။ ( ဘယ်သူမို့လဲ Kim Jennie လေ 😎)

Lisa ခဏပဲ ရပ်နိုင်ပြီးနောက် Jennie ပခုံးလေးကို အားပြုကာ ထိုင်ချလိုက်သည် ။

" ဖူး.... လက်ကို အားပြုထားရတာ
ကြာတော့ ညောင်းတယ် မမရဲ့.... မမလက်မောင်းရော မနာဘူးလား LiLi အတင်းဆုပ်ထားမိတာ "

" ဟင့်အင်း... မနာပါဘူး...နာလည်း ဘာမှမဖြစ်ပါဘူး LiLi ရဲ့ ... အနာခံမှ အသာစံရမှာလေ.. ဟဲဟဲ "

" ဟင်း...... အဲ့စကားက LiLi အတွက် ဖြစ်နိုင်ပေမယ့် Jisoo Unnie အတွက်တော့ ဖြစ်နိုင်ပါ့မလားမသိဘူး "

" ဟင်.... ဘာလို့လဲ... LiLi ရဲ့ "

" Unnie Chae က Jisoo Unnie ကို နာကျင်စေနေတာလေ.... Jisoo Unnie ကလည်း အနာခံပြီးကို ချစ်တာ.... အဲ့စကားအတိုင်းဆို Jisoo Unnie က ပြန်အချစ်မခံရတောင် အမုန်းတွေတော့ ပြေသင့်ပီမလား
လက်ထပ်ထားကြတာပဲကို.. အခုက ဘာမှကို မထူးခြားဘူး ... တစ်ပတ်တောင် ရှိနေပြီ.."

" အော်... LiLi ရယ်... တစ်ပတ်တည်း
ရှိသေးတာကို.. Chaeyoung က ဘယ်လိုလုပ်လက်ခံနိုင်အုန်းမှာလဲ "

" ဟင်း.... LiLi တောင် Jisoo Unnie နဲ့ ရင်းနှီးနေပြီကို...အိမ်မှာဆို Unnie နဲ့အတူတူ ကိတ်မုန့်လုပ်ကြတယ် Game လည်း အပြိုင်ဆော့ကြသေးတယ်  ...  အခု မတ်တပ်ရပ်တာလည်း သူ မြှောက်ပေးတာလေ.... LiLi နဲ့ အရပ်တိုင်းမယ်ဆိုပြီး
ဇွတ်ရပ်ခိုင်းတာ...Game မှာတော့
သူနိုင်ပေမယ့် အရပ်မှာတော့ သူမနိုင်ဘူး  ဟီးဟီး "

" အော် ... မတူဘူးလေ...
ကလေးရယ်....Wori LiLi လေးက အကောင်းမြင်တတ်တဲ့ စိတ်သဘောထားနူးညံ့တဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးလေး... Chaeyoung ကကျ.... "

" အင်း...LiLi ရဲ့ Unnie က ဘာဖြစ်လဲ ပြောကြည့်ပါအုန်း မမ "

Lisa က ရူတည်တည်နဲ့ မေးတော့မှ Jennie ရီကျဲကျဲနဲ့ ခေါင်းကုပ်လိုက်သည် ။
သူ့ Unnie ထိရင် မကြိုက်ဘူးဟ...

ACCIDENTALLY Where stories live. Discover now