C ~ Coincidence

2.2K 156 6
                                    

Kim Group Construction Company ရဲ့ အစည်းအဝေးခန်းမအလယ်မှာ
Park Chaeyoung တစ်ယောက်
စိတ်လှုပ်ရှားစွာဖြင့် သူမရဲ့ Project အကြောင်းကို ရှင်းပြနေသည် ။

အစည်းအဝေးအတွင်းက လုပ်ငန်းရှင်တွေကလည်း ခေါင်းတညိမ့်ညိမ့်ဖြင့် စဥ်းစားခန်းဖွင့်နေကြသည် ။ Chaeyoung ကတော့ သူ့ Project ကို လက်ခံလိုက်ပါစေ ဟုသာ
စိတ်ထဲကနေ အကြိမ်ကြိမ်ဆုတောင်းနေရသည် ။
ဒါ သူရဲ့ နောက်ဆုံးအခွင့်အရေးပဲလေ ။
တစ်နည်းအားဖြင့် သူတို့ RL Decoration Company ရဲ့ နောက်ဆုံးမျှော်လင့်ချက် ။ နောက်ဆုံးအသက်သွေးကြော ဖြစ်တဲ့
ဒီ Project ကို Kim Group အနေနဲ့ 
လက်ခံလိုက်ရင် သူတို့ RL Company 
ဒေဝါလီ ခံစရာမလိုတော့ ။ အဖေရဲ့ Company လေး အစစအရာရာ ပြန်လည်ထူထောင်နိုင်မှာဖြစ်သလို သူတို့ညီအစ်မနှစ်ယောက်လည်း အခြေအနေမပျက် ဆက်လက်ရပ်တည်နိုင်မှာ ။ အဲ့ဒါကြောင့်  သူ အစွမ်းကုန်ကြိုးစားခဲ့တာ ။
မျှော်လင့်ချက်ကြီး ထားခဲ့တာ ။

" ဟို.... တဆိတ်လောက် Park Chaeyoung shi ... အားနာပေမယ့် ကျွန်တော်တို့ ဆုံးဖြတ်ချက်ကို ခဏလေး စောင့်ပေးလို့
ရမလားခင်မျာ ။ အခုလေးတင် Kim Gp ရဲ့ အကျိုးတူရှယ်ယာဝင်တစ်ယောက်က
ဒီအစည်းအဝေးကို တက်မယ်ပြောလို့ပါ ။ သူ့ဆုံးဖြတ်ချက်ကလည်း ဒီရင်းနှီးမြုပ်နှံမှုမှာ အဓိက ကျလို့ပါ ။ သူ့ကို ခဏစောင့်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ပါရစေ "

" အော်.... ဟုတ်ကဲ့ ရပါတယ် ။ ကျွန်မ စောင့်နိုင်ပါတယ် ။ ဒါနဲ့ သူလာရင်ရော ကျွန်မ
ထပ်ရှင်းပြဖို့ လိုသေးလား "

Chaeyoung တကယ်တော့ မောနေပါပြီ ။ ဒီ Company ကို စစချင်းလာပြီး ကမ်းလှမ်းတုန်းကရော
ဒီအစည်းအဝေးအစမှာရော Project အကြောင်းအရာ အားလုံးကို အမြုတ်ထွက်မတတ်ရှင်းပြခဲ့ပြီးပြီလေ ။
သူတို့ Company က လူတွေ ကုန်ပြီမှတ်နေတာ ။ အခုမှ နောက်ထပ်ရှယ်ယာဝင်ရဲ့ ဆုံးဖြတ်ချက်က လိုပြန်ပီတဲ့ ။  စောင့်ရတဲ့အလုပ်ဆို စိတ်မရှည်တတ်တဲ့ Chaeyoung အဖို့ စိတ်ကို မနည်းဆွဲဆန့်ကာ ထပ်မရှင်းပြချင်တော့ ၍ မေးလိုက်ခြင်းဖြစ်သည် ။

" ဟုတ်... ရပါတယ် ။ သူ့ကို အကုန် ကျွန်တော်တို့ ရှင်းပြပြီးသားပါ ။ အခုက သူ မေးချင်တာ ရှိရင် မေးရအောင်နဲ့ ဆုံးဖြတ်ချက်အတည်ပြုဖို့ပါပဲ ။ Chaeyoung shi ထိုင်စောင့်နေရင် ရပါပြီ "

ACCIDENTALLY Where stories live. Discover now