" အမလေး... Unnie..  LiLi က သူ့ညီမဆိုတာလည်း သတိလေးဘာလေးရအုန်းး... ဘယ်နှယ့် ... ကြားရတဲ့သူတောင် မျက်နှာတွေ ပူလာပြီ "

" ဟဟ... Wori LiLi လေးက Innocent လေးဆိုတော့ အချစ်အကြောင်း ကြားရတာ ရှက်နေတာပေါ့ ဟုတ်လား..LiLi နော် Unnie ညီမလေးအပေါ်တော့ innocent လေး လုပ်မနေနဲ့ "

" ဟမ်... ဘာတွေပြောနေတာလဲ Unnie ကလည်း "

" ဟဟ.... Unnie သိပါတယ် LiLi ရယ်.... LiLi ရဲ့မမ အပေါ် LiLi ဘယ်လိုသဘောထားနေလဲဆိုတာ ဟဲဟဲ"

" အာ... Unnie ကလည်း ဒဲ့ကြီးပြောချနေတာပဲ "

" ဒဲ့ပြောမှလေ LiLi ရဲ့ မဟုတ်ရင် LiLi က ငြင်းနေအုန်းမှာ ဟုတ်တယ်မလား.. .. LiLi ငြင်းနေလို့ Unnie ညီမလေးက ရှေ့ဆက်မတိုးဝံ့ဖြစ်နေတာ သိရဲ့လား "

" ဟီး.... LiLi... LiLi လည်း သိပါတယ်..
ဒါပေမယ့်... LiLi အခုချိန်မှာတော့ မမ ကို
အဆင့်တွေ မကျော်နိင်သေးဘူး Unnie ။ LiLi မှာက ချို့ယွင်းချက်နဲ့လေ ။ မမသနားပြီး ပြန်ချစ်တာကိုတော့ LiLi မလိုချင်ဘူး "

"ဟင်း..... NiNi က LiLi ကို သနားလို့ ချစ်တာဟုတ်မဟုတ် သူ့မျက်လုံးမှာ အတိုင်းသားမြင်နေရတာကို "

" LiLi သိပါတယ်... မမက LiLi အပေါ် သနားချစ်ထက်ပိုတယ်ဆိုတာ... ဒါမဲ့ ကိုယ့်ချစ်တဲ့သူကိုတော့ ချစ်တယ်လို့ LiLi မတ်တတ်ရပ်ပြီး ပြောချင်တယ် Unnie ။ LiLi ဘက်က အကုန်လုံးပြည့်စုံမှ မမကို ချစ်သူအဖြစ် အချစ်တွေပေးချင်တာ "

Lisa က တွေတွေလေး ငေးပြီးပြောလိုက်တော့ Jisoo စိတ်မကောင်းဖြစ်သွားမိသည် ။ သူ့ကြောင့်သာ မဟုတ်ရင် LiLi ဒီလိုဖြစ်မှာမဟုတ်ဘူးလေ ။ မျက်နှာလေးငယ်သွားတဲ့ Jisoo ကို Lisa သတိထားမိတော့မှ ပြုံးပြပြီး စိတ်မကောင်းမဖြစ်အောင် ပြောရသည် ။

" Unnie စိတ်မကောင်းဖြစ်မနေနဲ့အုန်းနော်.. တကယ်တမ်း ပြောရရင် အဲ့ဒီ Accident ကြောင့် မမက LiLi အနားရောက်လာတာလေ ။ LiLi က ကျေးဇူးတောင်တင်သေး.. နော်... "

" အင်း.... အင်းပါ LiLi ရယ်.... ဒါမဲ့ Unnie တစ်ခုပြောပြမယ် LiLi...ချစ်သူနှစ်ယောက်မှာ တကယ်တမ်းချစ်မိပြီဆိုရင် ကိုယ့်ချစ်သူက ဘယ်လိုချို့ယွင်းချက် ရှိပစေ ဝန်ထုတ်ဝန်ပိုးမဖြစ်ပဲနဲ့ကို ဆက်ချစ်ကြတာ။
ချစ်သူရဲ့ အရာရာတိုင်း လက်ခံပြီးကို
သတ္တိရှိရှိချစ်ကြတာ ။  NiNi လည်း LiLi ကို အဲ့လိုချစ်မှာလို့ Unnie အာမခံရဲတယ်.. အဲ့တော့ LiLi ဘာမှအားငယ်မနေပဲ အချိန်တွေ ယူမနေပါနဲ့လို့ပဲ ပြောချင်တယ်.. ဘဝဆိုတာ တိုတိုလေးလေ... ကိုယ်ချစ်တဲ့သူကိုတော့ ချစ်တယ်လို့ ပြောဖို့ အချိန်မဆွဲသင့်ဘူး "

ACCIDENTALLY Where stories live. Discover now