D ~ Don't You Love Me?

Start from the beginning
                                    

" ဟင်... "

" ဟုတ်တယ်... သူ့ ရည်ရွယ်ချက်ကို မမ သိတယ်... သူက LiLi ကို အနီးကပ်ပြုစုစောင့်ရှောက်ချင်နေတာ ပြီးတော့ Company ကိုလည်း ကယ်တင်ချင်တာ ပီးတော့ Chaeyoung ရဲ့အမုန်းတွေကိုလည်း ဖြေဖျောက်ချင်နေတာ.... နောက်ဆုံး တစ်ခုက သူ Chaeyoung ကို ချစ်မိသွားတာတဲ့လေ "

" ရှင်.... မမ... မဖြစ်နိုင်ဘူးလေ.. "

" ဟုတ်တယ်... မဖြစ်နိုင်မှန်း သိသိကြီးကို
သူ ရွေးလုပ်သွားတာ.... Jisoo Unnie က သိပ်ခေါင်းမာတာ ။ အခုလည်း အိမ်မှာ အဖေနဲ့အမေက ဒေါသပုန်ထပြီး Unnie ကို အိမ်ပေါ်က မောင်းချလိုက်တာ ။ Company မှာလည်း CEO က ရုတ်တရက် ကြီး လက်ထပ်လိုက်လို့ ပွက်လောတွေကို ရိုက်လို့ ။ Kim Gp က ရှယ်ယာတွေက အစကတည်းက Unnie တစ်ယောက်တည်းရဲ့ အပိုင်ဖြစ်လို့ Appa တို့က အဲ့ဒါကို စိတ်မဆိုးဘူး ။ J &J ကို CEO ခန့်ထားတာကို နှုတ်ထွက်သွားလို့ အရမ်းစိတ်ဆိုးနေတာ ... ပြီး... ပြီးတော့ Chaeyoung နဲ့ လက်ထပ်လိုက်လို့ မိသားစုကို အရှက်ခွဲတဲ့ သမီးဆိုပြီး သောင်းကျန်းပြီး မောင်းချလိုက်တယ် ။ အဲ့ဒါကို ထိုင်ကန်တော့ပြီး အေးအေးဆေးဆေးပဲ
ထွက်သွားတာ သိလား ။ မျက်ရည်တွေ ကျနေရင်းတောင် ပြုံးပြီး ထွက်သွားတာ... တကယ်... တကယ်.. Unnie ကို နားမလည်နိုင်လောက်အောင်ကို အံ့သြတာ.. "

" ဟာ..... သူ ဒီလိုလုပ်လို့ အရာရာက အစကအတိုင်း ပြန်ဖြစ်မှာမှ မဟုတ်တာ... မမရာ.... မမက မတားဘူးလား "

" အဟင်း... တားခဲ့တာပေါ့... LiLi ရယ် ။ သူ စပြီး အဲ့လိုလုပ်ဖို့ တွေးနေကတည်းက တားခဲ့တာ ။ ဒါမဲ့ သူက ပြောတယ် Chaeyoung ကို ချစ်မိသွားလို့တဲ့... မမ ဘယ်လိုသွားတားမလဲ... "

" Unnie Chae ကို ချစ်မိတာတစ်ခုတည်းနဲ့ အခုလိုလုပ်တာ သူ့အတွက် ဘယ်လိုမှ
မကောင်းနိုင်ဘူးနော် မမ... Unnie Chae သူ့ကို ဘယ်လောက်မုန်းတယ်ဆိုတာ မမလည်း အသိနော်.... LiLi တော့ မကောင်းတဲ့အငွေ့အသက်တွေ ရနေတယ် "

" သိတယ်... သူ့အတွက် မကောင်းဘူးဆိုတာ သူသိတယ်... အဲ့ဒါကို လုပ်သွားတာ ။ LiLi တစ်ခုသိထားရမှာက သူ Chaeyoung ကိုတော့ တကယ်ချစ်မိသွားတာပါ... အဲ့ဒါတော့ မမ အာမခံပါတယ် သူ့အပြစ်ကျေချင်ရုံနဲ့တော့ သူလက်ထပ်မှာ မဟုတ်ဘူး တကယ်ချစ်လို့ကို Chaeyoung ကို ရအောင်ယူလိုက်တဲ့ သဘောပဲ "

ACCIDENTALLY Where stories live. Discover now