Ep-26(Uni+Zaw)

3.5K 302 21
                                    

Zawgyi

              မျက်စိနှစ်လုံးဖွင့်ပြီ ဆိုကတည်းက ဂျောင်ဂုလေးဟာ ကုတင်ပေါ်မှာ ရှိသမျှစောင်တွေနဲ့ ခန္ဓာကိုယ်လုံးလုံးလေးကို ထုပ်ထားပြီးကိုကိုနှင့် စကားနိုင်လုနေသည်မှာ (၁၅)မိနစ်ကိုပင် အနည်းငယ်စွန်းလာပြီဖြစ်သည်။ အကြောင်းအရင်းကတော့ ရေချိုးခန်းထဲဘယ်သူအရင် ဝင်ရမလဲဆိုသည့် ခေါင်းစဉ်နှင့်ပင် ဖြစ်လေသည်။

"ကိုယ်ကစောင်တွေလျှော်ရဦးမှာ...ဂုကီ။"

"ဒါပေမဲ့လည်းလေ...ကိုကိုအရင်ချိုးလိုက်ပါနော်။ ဂုကီကသန့်ပါတယ်...ကိုကိုရဲ့။"

            အဝတ်အစားဟူသည် နတ္ထိဖြစ်နေသည့် သူတို့နှစ်ယောက်မှာ ပေါက်စလေးက နားဖျက်ဖျားလေးတွေပါ ရဲတက်နေသည်အထိ ရှက်နေတာမို့ ထယ်ယောင်းထို‌ပေါက်စကို အရသာခံ ကြည့်နေခြင်းဖြစ်သည်။ ဒီ့အပြင် ရေချိုးခန်းထဲဝင်မည့် လုံးလုံးလေးကိုလည်း တစိမ့်စိမ့်ကြည့်ချင်သေးသဖြင့် ထယ်ယောင်းဒီတစ်ခါတော့ ဘယ်လိုမှအလျော့မ‌ပေးနိုင်ပါ။

"ကိုယ်ကြာနေရင် ဂုကီနေမကောင်း ဖြစ်လိမ့်မယ်။ သွားချိုးတော့...။"

"ကိုကိုမကြည့်ရဘူးနော်။"

"အင်း။"

"ကတိနော်...ကိုကို။"

"အင်း...ကတိ။"

              ညကကိုကိုနှင့်အတူနေခဲ့ပြီးပြီ ဖြစ်သော်လည်း ဂျောင်ဂုလေးရဲ့စိတ်ထဲတွင် ‌ရှက်စိတ်တို့က လွှမ်းခြုံနေဆဲမို့ သူ့ခန္ဓာကိုယ်လေးကို ကိုကိုမမြင်စေဖို့ရာအတွက် လက်သန်းလေးကို ထုတ်ပြရင်းအထပ်ထပ် ကတိပြုရသေးသည်။ ကိုကို့ဆီမှယုံကြည်ရလောက်မည့် အဖြေရခါမှ စောင်ပုံထဲမှ ဖြေးဖြေးချင်းထွက်လိုက်၏။ စားဘဲကြီးကိုကိုက ယုံရတာမဟုတ်ဘူး။

"ဟာ...ကိုကိုကဗျာ!"

*ဒုန်း*

             ဂျောင်ဂုလေးဟာ ကိုကို့ကိုအယုံကြီး ယုံထားသည်မို့ ရေချိုးခန်းအတွင်းသို့ ပုံမှန်သာလျှောက်သွားလိုက်သည်။ သို့သော်...ရုတ်တရပ်နောက်ကျောဘက်ဆီမှ မလုံခြုံသလို ခံစားချက်ကြီးဝင်ရောက်လာသဖြင့် ရေချိုးခန်းတံခါးနှင့်ကွယ်ရင်း အနောက်သို့လှည့်ကြည့်မိသည့်အခါ သူ့အားစူးစိုက်ကြည့်နေသည် ကိုကို့ကြောင့် အရှက်ပြေအော်ဟစ်ရင်း ရေချိုးခန်းတံခါးကို ဆောင့်ပိတ်လိုက်၏။ ကိုကို မကောင်းဘူး။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now