Ep-25(Uni+Zaw)⚠️

4.9K 309 37
                                    

Zawgyi

             အရိုက်ခံရပြီးကတည်းက အိပ်ပျော်သွားသည့် ပေါက်စလေးဟာ နိုးလာပြန်တော့လည်း ငြိမ်ကုပ်နေသည်။ ပုံမှန်ဆိုရင် တစ်အိမ်လုံးဗြောင်းဆန်အောင် ဆော့တတ်သည့်ကောင်ကလေးဟာ အခုဆိုရင်ဖြင့် ငြိမ်ငြိမ်လေးထိုင်၍ တီဗွီကြည့်နေသဖြင့် ကောင်ကလေးလုပ်သမျှကို ထယ်ယောင်း ကြည့်နေမိသည်။

           ညနေတိုင်းတီဗွီကလာတတ်သည့် ပိုကီမွန်ကာတွန်းကို တစ်ရက်မှမပျက် စောင့်ကြည့်တတ်သော ပေါက်စလေးဟာ အခုလည်းထိုနည်းလည်းကောင်းပါပဲ။ ကာတွန်းကားရဲ့ သီချင်းသံလေးတွေ ထွက်လာလျှင် စူပုတ်ပုတ်လေး လုပ်နေသည့်ကြားမှပင် ခန္ဓာကိုယ်လုံးလုံးလေးကို လှုပ်တုတ်တုတ်လုပ်တတ်သေး၏။ ပီကာကျူးလေးထွက်လာရင်တော့ မျက်လုံးလေးလက်ခနဲ ဖြစ်သွားသည့်ကောင်ကလေးဟာ ပီကာကျူးကို ထယ်ယောင်းလို့များ ထင်နေသလားမသိ။ သိပ်ကိုသဘောကျ နေလေသည်။

"ကိုယ့်နားလာပါဦး။"

"ဂုကီတီဗွီကြည့်နေတယ်...ကိုကို။"

              ဘုရားသခင်...ဒီဟာလေးက အခုထယ်ယောင်းကို စိတ်ကောက်နေတာလား။ အနားလာခိုင်းကာမှ ဆိုဖာထောင့်စွန်းပိုင်းကို ပိုတိုးကာသွားပြီး စူပုတ်နေလေသည်။ မအိပ်ခင်က အသည်းအသန်ငိုထားသဖြင့် ရဲတက်နေသော နှာခေါင်းလုံးလေးဟာလည်း ခုထက်ထိပန်းရောင် လုံးလုံးလေးအဖြစ် ကျန်နေသေးသည်။ ကြည့်နေရင်းမှပင် စူပုတ်ပုတ်အလုံးလေးကို ထယ်ယောင်းအသည်းယားလွန်းလှသဖြင့် ကိုက်စားပစ်ချင်စိတ်ပါ ပေါက်လာ၏။ အူယားစရာ စိတ်ကောက်ကလေး...။

"ဘယ်လိုဖြစ်နေတာလဲ...ကိုကို။"

"အသည်းယားလွန်းလို့ မြိုချမိတော့မှာပဲကွာ။"

              စိတ်မရှည်သည့်အဆုံး ဆိုဖာထောင့်စွန်းမှ ပေါက်စလေးကို ထယ်ယောင်းရင်ခွင်ထဲ ဆွဲထည့်ထားလိုက်မိသည်။ ခန္ဓာကိုယ်လေးက မရုန်းသော်လည်း ဘာကိုစိတ်ကောက်နေမှန်း မသိသည့် ကောင်ကလေးဟာ နှုတ်ခမ်းလေးကိုတော့ ရှေ့ကိုစူထွက်အောင် ထော်ထားသေး၏။ ချစ်မွှေးကလေး...။

"လူကြီး...ငြိမ်ငြိမ်နေဗျာ။"

"မနေပါဘူး။ ဖြစ်နိုင်ရင် တစ်ကိုယ်လုံးကို ကိုက်စားချင်နေတာ...။"

Obedience : Flawless Love{Rest_ Coming Soon}जहाँ कहानियाँ रहती हैं। अभी खोजें