Zawgyi
အလုပ်ဖွင့်ရက်ဖြစ်သည့်အပြင် ရုံးဆင်းချိန်လည်း ဖြစ်နေသည်ကြောင့် ဂျောင်ဂုလေးတို့ သူငယ်ချင်းသုံးယောက် စီးလာသည့် ဘတ်စ်ကားပေါ်တွင် လူအများဖြင့် ပြည့်ကျပ်နေသည်။ ကျပ်လွန်းနေသည့် ကားကြောင့် ထိုင်စရာနေရာပင် မရကြ။ ထို့အပြင် ကျောင်းနှင့် ဂျောင်ဂုတို့အိမ်အနီးရှိ မှတ်တိုင်သည်လည်း အတန်ငယ် ဝေးသည်ကြောင့် သုံးယောက်လုံး ခြေထောက်တွေပါ ထုံနေပြီဖြစ်သည်။
လာကြိုလည်းဖြစ်သည့် ကိုကိုက ဂျောင်ဂုလေးကို ကိုယ်တိုင်အိမ်ပြန်လာခဲ့ဖို့ ပြောထားသည်မို့ ကိုကို၏ဒေါသအရှိန်သည် အတော်လေးပင် မြင့်တက်နေပြီဖြစ်ကြောင်း သူသိပါသည်။ ထို့ကြောင့် တစ်ယောက်ထဲ အိမ်မပြန်ရဲသဖြင့် မင်းဂုကီကိုရော၊ ယူဂျောင်ကိုပါ လိုက်ပို့ခိုင်းရခြင်းပင် ဖြစ်၏။
"အိမ်ရောက်လို့ ကိုကိုက ငါ့ကိုရိုက်ရင် မင်းတို့ဝင်ဆွဲပေးနော်။"
"အေးပါကွာ။"
"မင်းကိုလည်း စောစောစီးစီး ပြန်ရအောင်လို့ ငါတို့ ပြောသားပဲ။ မင်းပဲ ကိုကို့ကို မကြောက်ပါဘူးဆို။"
"စိတ်ညစ်နေပါတယ်ဆိုကွာ....စကားအကောင်းလည်း ပြောမပေးကြဘူး အဟင့်။"
"ငိုတော့ မငိုလိုက်ပါနဲ့ ဂျောင်ဂုကီရာ...နော်။"
ရွာအံ့ဆဲဆဲ မိုးသားလေးတွေလို တဖြည်းဖြည်း မဲ့စပြုလာသည့် ဂျောင်ဂု၏ မျက်နှာလေးကြောင့် ယူဂျောင်နှင့်မင်းဂု နှစ်ယောက်လုံး အသည်းအသန် တောင်းပန်ကာသာ ပြောရသည်။ ပုံမှန်ဆိုရင် ကြိုက်သလောက်ငို ကိစ္စမရှိပေမဲ့ အခုအခြေအနေမှာ ကားပေါ်ရှိလူအချို့ကပါ သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်ကြောင့် သူတို့ရှက်လှပြီ ဖြစ်သည်။ ပူထူလွန်းလှပြီဖြစ်သည့် ခေါင်းတစ်ခုလုံးကြောင့် နှစ်ယောက်လုံး ရှိသမျှဘုရား အကုန်တလို့ ဂျောင်ဂုအိမ်အမြန်ပြန်ရောက်ရန်သာ ဆုတောင်းမိတော့သည်။
ကိုယ့်ကိစ္စလည်း မဟုတ်ပါဘဲ သူတို့စကားပြောနေကြသည်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေကြသည် လူတစုကို ဂျောင်ဂုနှုတ်ခမ်းကြီး ထော်ကာသာ စွေစောင်းကြည့်ပေးလိုက်သည်။ ကိုယ့်ဘာသာကိုယ်တောင် ကိုကို့ကို ဘယ်လိုရင်ဆိုင်ရမလဲ မသိသဖြင့် စိတ်ရှုပ်နေရသည့်အထဲ စပ်စပ်စုစုနိုင်လွန်းလှသည့် လူတွေကြောင့် ပိုလို့တောင် စိတ်မသက်မသာ ဖြစ်ရသည်။ တစ်ညစာလောက် ကိုယ်ပျောက်လူသား ဖြစ်သွားရင် အကောင်းသား...ဟူး။
YOU ARE READING
Obedience : Flawless Love{Rest_ Coming Soon}
FanfictionZawgyi အပြစ်ကင်းစင်တဲ့ ချစ်ခြင်းတရားနဲ့ နာခံခြင်းကြားမှာ ညီမျြှခင်းလေးတစ်ခုပဲ ခြားနားတယ်ဆိုရင် ယုံကြည်ကြမလား...။ Unicode အပြစ်ကင်းစင်တဲ့ ချစ်ခြင်းတရားနဲ့ နာခံခြင်းကြားမှာ ညီမျြှခင်းလေးတစ်ခုပဲ ခြားနားတယ်ဆိုရင် ယုံကြည်ကြမလား...။ KIM TAEHYUNG ×JEON JUN...