Ep-22(Uni+Zaw)

3.8K 298 47
                                    

Zawgyi

                 ကျောင်းပြီးသည်နှင့် သူငယ်ချင်းတွေနှင့် ခဏခဏ အပြင်ထွက်ကာ လမ်းသလားချင်နေသည့် ဂျောင်ဂုလေးက ဒီနေ့တွင်လည်း အလည်အပတ်သွားရရေးအတွက် ကိုကို့ကို ညကတည်းကပင် အပူကပ်ထားပြီး ဖြစ်သည်။ ကျောင်းတက်စဉ်က စာကိုသာတစိုက်မတ်မတ် လုပ်ခိုင်း၍ အလည်အပတ်သွားသည့် နေရာများသို့ သွားရန်ခွင့်မပြုသော ကိုကိုသည် ယခုကျောင်းပိတ်ရက်များတွင်တော့ ယူဂျောင်တို့၊ မင်းဂုတို့ပါသည်နှင့် သူ့ကိုအသာတကြည်ပင် သွားခွင့်ပြု၏။

"သူငယ်ချင်းတွေ မလာသေးဘူးလား...ဂုကီ။"

"ဟုတ် ကိုကို။"

                   ဆိုဖာခုံပေါ်တွင် ခွေခွေလေးလှဲအိပ်ကာ သူငယ်ချင်းတွေလာခေါ်မည့်အချိန်ကို ပေါက်စလေးက စောင့်နေသည်။ ထယ်ယောင်းက 'သူကိုယ်တိုင်လိုက်ပို့ပေးပါမည်'ဟု ပြောသည်ကိုပင် အသည်းအသန်ငြင်းကာ သူငယ်ချင်းတွေနှင့် သွားဖို့တာဆူနေသည့် ကောင်ကလေးက တကယ့်အဖော်မက်ကလေး ဖြစ်၏။

                    ထို့ပြင် ထယ်ယောင်းယခုကဲ့သို့ လည်ပတ်ခွင့်ကို လွယ်လင့်တကူ ‌ပေးထားရခြင်းမှာလည်း ကောင်ကလေးဘက်မှ တစ်နှစ်ပတ်လုံး ကျောင်းစာတွေကို ပင်ပန်းကြီးစွာ ဆည်းပူးခဲ့ရပြီးဖြစ်၍ ယခုသူ့ဘက်ကလည်း ပေါက်စလေးစိတ်အပန်းပြေစေမည့် အရာများကို ချုပ်ခြယ်မှုမရှိ ခွင့်ပြုထားချင်၍ပင် ဖြစ်သည်။

             ထို့နောက် ကောင်ကလေး၏ အပေါင်းအသင်းများဖြစ်ကြသော ယူဂျောင်မှာလည်း လူရည်မွန်ကလေးတစ်ယောက် ဖြစ်သလို၊ မင်းဂုဆိုသည့် ကောင်လေးမှာလည်း ဂျစ်ကန်ကန်အကျင့်အချို့သာရှိပြီး ပေါက်စလေးအပေါ်တွင် အမှန်ပင်ဂရုစိုက်သောကြောင့်လည်း ထယ်ယောင်းစိတ်ချလက်ချနှင့် သွားခွင့်ပြုထားခြင်းပင် ဖြစ်ပါသည်။

"ကိုကိုကရော ဘယ်သွားမလို့လဲဟင်။"

"ကိုယ်က ဂုကီတို့ ဖြေထားတဲ့အဖြေလွှာတွေစစ်ဖို့ ကျောင်းကိုသွားယူရမှာ။ အပြန်ကျရင်လည်း စီနီယာတစ်ယောက်နဲ့ တွေ့ ဖို့ရှိတယ်။"

"ဟုတ်။"

                  ရှပ်အကျီနက်ပြာလေးကို တံတောင်ဆစ်နားအထိ ခေါက်တင်ကာ စတိုင်လ်ဘောင်းဘီအမဲနှင့် တွဲဖက်၍ ဝတ်ဆင်ထားသည့် ကိုကိုက ဂျောင်ဂုလေးကို မျက်စိမလွှဲချင်‌လောက်သည်အထိပင် ချောမောခန့်ညား လွန်းလှပါသည်။ ကောက်ထားသော မျက်ခုံးအထက်လောက်ရှိသည့် ဆံပင်တို့မှာလည်း နက်မှောင်ဆဲဖြစ်၏။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now