Ep-24(Uni+Zaw)

3.6K 280 37
                                    

Zawgyi

              မနက်စာလည်းကောင်းကောင်းမစားဘဲ ငူငူငိုင်ငိုင်လုပ်နေသော ပေါက်စလေးကို ကော်ဖီတစ်ခွက်အား အရသာခံသောက်ရင်းနှင့် ထယ်ယောင်းအကဲခတ်နေမိသည်။ ပုံမှန်ဆိုလျှင် ပေါင်မုန့်လေးချပ်လောက်နှင့်ပင် ဝဟန်မတူသည့် ပေါက်စလေးဟာ ဒီနေ့နံနက်စာ ထမင်းဝိုင်းတွင်မူ နှစ်ချက်လောက်ကိုက်လိုက် တစ်နာရီလောက်ဝါးလိုက် လုပ်နေသည်မို့ သူ့စိတ်ထဲထူးဆန်းနေခြင်းဖြစ်သည်။

              မနေ့ကအပြင်မှ ပြန်လာကတည်းက ထူးခြားနေတာကြောင့် အကျိုးအကြောင်းမေးရန်အတွက် ညကပြင်ဆင်ထားခဲ့သော်လည်း အိပ်ချင်သည်ဟုဆိုကာ အစောကြီးအိပ်ယာဝင်သွားသည့် ကောင်ကလေးကို ထယ်ယောင်းမနှောက်ယှက်ဖြစ်ခဲ့ပါ။ သူစိတ်ထင်တာသာ ဖြစ်မှာပါဟူ၍ သဘောထားလိုက်၏။

"နေမကောင်းဘူးလား...ဂုကီ။"

"ဗျာ! ဘာပြောလိုက်တာလဲဟင်...ကိုကို။"

            မနေ့ကမောလ်မှာတွေ့ခဲ့သည့် ဦးလေးကြီးရဲ့ပြောစကားတွေဟာ ဂျောင်ဂုလေးရဲ့ နားထဲမှာသံမှိုရိုက်ထားသကဲ့သို့ စွဲနေသည့်အပြင် ကြောက်မက်ဖွယ်အပြုအမူတွေဟာလည်း အခုထက်ထိ တုန်လှုပ်စရာကောင်းသည်မို့ သူသေချာတွေး‌တောမိသည်။ ဖေဖေကဘာတွေများ လုပ်ခဲ့လို့ အခုလိုမျိုးရန်သူတွေပါ ရှိလာရတာလဲ...။ ဖေဖေလူကောင်းမဟုတ်တာကို ဂျောင်ဂုလေးကသိပေမဲ့ ဦးလေးကြီးပြောသွားသလို လူသတ်သည်အထိဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါ။ ထို့ကြောင့်...နဂိုကတည်းက ဉာဏ်မကောင်းသည့် ဦးနှောက်ကလေးကို အလုပ်ပေးရင်း ဖေဖေ့အပြစ်တွေကို ခက်ခက်ခဲခဲနှင့်စဉ်းစား၏။ မိဘမကောင်း သားသမီးခေါင်းဆိုတာ ဒါမျိုးပဲဖြစ်ရမည်။

           အတွေးနွံထဲနစ်မှန်းမသိ နစ်လာတဲ့ဂျောင်ဂုလေးက ပတ်ဝန်းကျင်ကိုပါ သတိမထားမိတော့ဘဲ သိချင်တဲ့အဖြေတစ်ခုကိုသာ စူးစိုက်လို့တွေးသည်။ အကျိုးဆက်ကတော့...ကိုကို့စကားတွေကိုပါ မကြားနိုင်တော့ခြင်းပဲဖြစ်သည်။ စကားပြောတယ်ဆိုတာပဲ သိလိုက်ပြီး ဘာ‌ပြောမှန်းမသိလိုက်သဖြင့် ကိုကို့ကိုဂျောင်ဂုလေးက ပြန်လည်၍မေးခွန်းထုတ်လိုက်မိသည်။ ထိုအခါ...သက်ပြင်းတစ်ချက်ချလျက် သူ့အားခပ်စူးစူးစိုက်ကြည့်သည့် ကိုကို့ကြောင့်ခေါင်းကိုသာ ငုံ့ထားလိုက်တော့၏။ ဒုက္ခပါပဲ...ကိုကို့ကိုအရေးမစိုက်သလို ဖြစ်သွားခဲ့ပြီ။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now