Ep-23(Uni+Zaw)

2.9K 254 38
                                    

Unicode

         ဒီ​နေ့တွင်ထယ်​ယောင်း၌ အလုပ်များမရှိ​သော​ကြောင့် အားလပ်​နေသဖြင့် ညကတည်းက သွားကြရန်ပြင်ထား​သော ​ရှော့ပင်း​မောလ်တစ်ခုသို့ ​ပေါက်စ​လေးလက်ကိုဆွဲ၍ နှစ်​ယောက်အတူလာဖြစ်သည်။ တနဂၤ​နွေ ရုံးပိတ်ရက်လည်းဖြစ်​သော​​ကြောင့် ​​မောလ်အတွင်း၌ လူများပြည့်နှက်လျက်ရှိသည်။

          တံ​တောင်ဆစ်နားအထိ ​ခေါက်ထား​သော နက်ပြာ​ရောင်ရှပ်အကျီတစ်ထည်အား စတိုင်လ်ပန့်​ဘောင်းဘီ အမဲဖြင့်တွဲဖက်ဝတ်ဆင်ထား​​သော ထယ်​ယောင်းသည် တီရှပ်လက်တိုအဝါ​လေးတစ်ထည်ကို ဂျင်းမ်​ဘောင်းဘီအရှည်​လေးတစ်ထည်ဖြင့် ဝတ်ဆင်ထား​သော ​ကောင်က​လေး၏ လက်ဖဝါးနုနုအား တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ကာ စက်​လှေကားတစ်​လျှောက် စီးနင်းလိုက်ပါလာပုံမှာ ဆန်းဆန်းသစ်သစ်က​​လေးနှင့် အလွန်ကြည့်​ကောင်း ​နေပုံရသည်။ စက်​လှေကား၏အဆင်းဘက်ခြမ်းရှိ လူ​တော်​တော်များများ၏ မျက်​လုံးအိမ်သည် သူတို့နှစ်​ယောက်ထံတွင်ရှိသည်ကို ထယ်​ယောင်းရိပ်မိ​သော်လည်း ထယ်​ယောင်း၏မျက်လုံးထဲတွင်မူ ပွစိပွစိ​ပြော​နေ​​​သော ​ပေါက်စ​လေး၏ ခပ်စူစူနှုတ်ခမ်းတစ်စုံနှင့် စူပုတ်​နေ​သော မျက်နှာကိုသာမြင်သည်။

"မျက်နှာထားကိုပြင်စမ်း။"

"ဂုကီမျက်နှာက အရင်ကတည်းက ဒီလိုပဲ​လေ...။"

         လွန်ခဲ့သည့်တစ်ပါတ်က ဂီတာဝယ်​ပေးရန် ကိုကို့အားပူဆာထားသဖြင့် ကိုကိုအလုပ်အားသည့် ဒီ​နေ့တွင်​ဂျောင်ဂုတို့ ​ကုန်တိုက်အားလာဖြစ်ခြင်းဖြစ်သည်။ ​ဂျောင်ဂု၏ဝါသနာများအား အမြဲဂရုစိုက်ကာ ပံ့ပိုး​ပေးတတ်​သော ကိုကိုသည် ယခုသူဂီတာတီးသင်ချင်သည် ဆိုသည့်အခါတွင်လည်း ​သေချာ​ပေါက်ဖြစ်​အောင် လုပ်​ပေးပါသည်။ သို့​ပေမဲ့ တစ်​ယောက်တည်းလာချင်သည့်သူဟာ ကိုကိုလိုက်လာသည့် အခါတွင်​တော့ စိတ်အပျက်ကြီးပျက်ရပါသည်။ ထို့​ကြောင့် ကိုကို့အားတစ်လမ်းလုံး ဆန့်ကျင်၍အသံတိတ် ဆန္ဒပြလာခြင်းပင် ဖြစ်သည်။ ​ဂျောင်ဂု​လေးက လူကြီးဖြစ်​နေပြီကို ကိုကိုကဘာလို့ ဒီ​လောက်ထိဂရုစိုက်​ပေး​နေရသလဲ နားမလည်နိုင်​တော့ဘူး...။

Obedience : Flawless Love{Rest_ Coming Soon}Where stories live. Discover now