ဝိညာဉ်ဖမ်းတဲ့သူဆိုမှ ကျွန်မ ညနေလောက်က ဝိညာဉ်တွေ့ရတဲ့သူကို တွေ့လိုက်ရသလိုဘဲ။ ဝိညာဉ်လောကက အလိုရှိနေတဲ့ တစ်ယောက်ပေါ့။ ဟုတ်မဟုတ်တော့ မသေချာဘူးပေါ့လေ။ ဘာကြောင့်ဆို သူလှည့်ကြည့်လာတာက ကျွန်မရဲ့ ဝိညာဉ်ကို မြင်လိုက်လို့မဟုတ်ဘဲ တစ်ယောက်ယောက်ကို ကြည့်တာလဲ ဖြစ်နိုင်တာဘဲလေ။ မဟုတ်ဘူးလား။ ကျွန်မဘာသာ စိတ်ထင်တာဘဲ နေမှာပေါ့လေ။

ခဏ..... ခြေသံတွေ ကြားနေရပြီ။ ကျွန်မ ယောကျာ်း ပြန်လာပြီနဲ့ တူပါရဲ့။ ကျွန်မ အရင်လိုဘဲ သွားကြိုလိုက်အုန်းမယ်နော်။

သက်ရှိုင်းကိုမှာ ထောင်ကနေ ထွက်လာပြီး နေအိမ်ဖြစ်သည့် ကံကော်နီလမ်းသို့ လမ်းလျှောက်လာနေတော့သည်။ အင်္ကျီများမှာလည်း မွဲနေလေ၏။ လေးတိလေးကန်ဖြင့် လမ်းလျှောက်လာနေတာကြောင့် ခြေသံပင် ကြားရလေသည်။ ရပ်ကွက်ထဲထိရှိ ခွေးများမှာလည်း သက်ရှိုင်းကိုအား အဟောင်မပြတ် ဟောင်နေလေတော့သည်။

ဒါပေမယ့်လည်း သက်ရှိုင်းကို တစ်ယောက် မမူပါ။ မိမိ တိုက်ခန်း ရှိသည့်နေရာကိုသာ တန်းတန်းမတ်မတ် လာနေလေသည်။ သက်ရှိုင်းကိုမှာ တိုက်ကြီးရှေ့ ရောက်တော့ ခဏ ရပ်ကာ တိုက်ကြီးကို မော်ကြည့်နေတော့သည်။ ပြီးမှသာ ထိုတိုက်ကြီးပေါ်သို့ လေးတိလေးကန်ဖြင့် တက်သွားလိုက်လေသည်။

သက်ရှိုင်းကိုကား မိမိအခန်းဆီကို လာနေတော့သည်။ ထောင်က လွတ်ပြီး အခန်းကို ပြန်လာပေမယ့်လည်း သက်ရှိုင်းကိုကား စိတ်မပျော်ရွှင်ပါ။ ၀မ်းနည်းလို့ နေလေသည်။ ဟုတ်ပါတယ်လေ။ မိန်းမဖြစ်သူ သေဆုံးထားတဲ့ တိုက်ခန်းကို ဘယ်သူက လာချင်ပါ့မလဲ။ အခုလည်း သက်ရှိုင်းကို အားတင်းပြီး လာနေရတာ ဖြစ်သည်။ အခန်းရှေ့ရောက်တော့ သက်ရှိုင်းကို ရပ်လိုက်သည်။ ပြီးနောက် တံခါးဖွင့်ဖို့ လက်ကိုင်ဘုကို ကိုင်လိုက်လေသည်။

တစ်ဖက် အခန်းထဲတွင်တော့ နှင်းအိန္ဒြာထက် တစ်ယောက် ယောကျာ်းဖြစ်သူကို ‌မြင်ရဖို့ မျှော်နေလေသည်။ တံခါးဖွင့်လာဖို့ကို နှင်း တစ်ယောက် စိတ်လှုပ်ရှားနေလေ၏။ တံခါး လက်ကိုင်ဘုလေးက လှုပ်သွားသည်။ ဒါကြောင့်ဘဲ နှင်း ပျော်သွားတော့သည်။ နှင်းမှာ တံခါးကိုသာ စိုက်ကြည့်နေလေသည်။ ဒါပေမယ့်လည်း တံခါးက ဖွင့်မလာသေးပါ။ နှင်း စိတ်ပူသွားသည်။ ဒါကြောင့် နှင်း တံခါးကို ဖြတ်ပြီး အပြင်ဘက် ထွက်လိုက်တော့သည်။

SOULMATE[Complete]Where stories live. Discover now