သူကကျွန်တော့်ထက် တစ်နှစ်ကြီးပေမယ့် အခုထိ ဘွဲ့မရသေးပါဘူး။ ကျောင်းနားပြီး အလုပ်လုပ်လိုက်၊ Guide လိုက်သင်လိုက်၊ နယ်ဖက်တွေမှာစာလိုက်သင်လိုက်နဲ့ သူ့ဘဝရဲ့ အခက်ခဲတွေအများကြီးကိုကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းနေခဲ့ရရှာတယ်။
သူ့အဖေက မြန်မာနိုင်ငံမှာနာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုပေမယ့် အဖေရဲ့အထောက်အပံ့ကိုယူပြီး ကျောင်းမတက်ချင်ဘူးတဲ့လေ။
သူ့ကိုကျွန်တော်အများကြီးနားလည်နိုင်ပါတယ်။
သူကတကယ်ကို လူကြီးဆန်ပြီး ရင့်ကျက်တဲ့အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ပါ။
ကျွန်တော်ရဲ့ဒိုင်ယာရီစာအုပ်တစ်အုပ်လုံးက သူ့အကြောင်းတွေနဲ့ ပြည့်နေလေတော့ ပြန်ဖတ်တိုင်း ကျွန်တော်ပြုံးမိတယ်။
ဒီနေ့တစ်နေ့တာအတွက် ကျွန်တော့်ရဲ့ဒိုင်ယာရီစာအုပ်ထဲ သူ့အကြောင်းလေးတွေအနည်းအကျဉ်းရေးပြီးတဲ့အဆုံးမှာတော့
"Happy One Year Anniversary "
လို့ကျွန်တော်ရေးလိုက်တယ်။
ဒီနေ့က သူနဲ့ကျွန်တော်ရဲ့တစ်နှစ်ပြည့်တဲ့နေ့လေ။
စာအုပ်ကိုပိတ်ကာအံဆွဲထဲကျွန်တော်သိမ်းထားလိုက်ပြီးနောက် ဖုန်းကိုယူပြီး နယ်ရောက်နေတဲ့ ကျွန်တော့် ရဲ့ အလင်းရောင်လေးဆီကို ဖုန်းလှမ်းဆက်လိုက်တယ်။
"အားလျှံ ...."
သူကဖုန်းကိုင်တာနဲ့ ကျွန်တော့်နာမည်ကိုလှမ်းခေါ်တယ်။
"Happy One Year Anniversary ပါ အကို"
"ကို အားလျှံနဲ့အတူရှိမနေပေးနိုင်လို့တောင်းပန်ပါတယ်နော်" တဲ့
ခါတိုင်းလိုပဲ သူပြောနေကျ တောင်းပန်တဲ့လေသံနဲ့ ပြောလာတဲ့သူ့အသံကြောင့် ကျွန်တော်ပြုံးလိုက်မိတယ်။
"ရပါတယ် အစ်ကိုမှမအားတာ"
"အင်း ကလေးတွေရဲ့စာမေးပွဲတွေနဲ့ ကိုယ်အလုပ်ရှုပ်နေလို့"
သူ့ကလေးတွေကိုဆိုတကယ်ဂရုစိုက်ပေးတဲ့လူကြီး။
"အင်းပါ သိပါတယ် ခင်ဗျာ့"
1 ( U+Z )
Începe de la început