အပိုင်း (၆၈.၁) - တိုက်ဆိုင်မှု

Start from the beginning
                                    

သို့သော် ကျင်းကျုံးထင်၏ သေဆုံးမှုအကြောင်း သတင်း ရောက်လာဖို့ရာအတွက် အချိန်သိပ်မကြာခဲ့ပေ။

"မင်း ဘာပြောလိုက်တာလဲ? ကျင်းကျုံးထင် သေသွားပြီတဲ့လား?"

ဖူယွမ်ဝူ  သူ့၏ ထိုင်ခုံထက်မှ ရုတ်ချည်းထရပ်လိုက်ကာ အစီအရင်ခံစာ လာပို့သည့်သူအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်မိ၏။
အစီအစဥ် ကျရှုံးသွားပြီး ကျင်းကျုံးထင် သေဆုံးသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးချေ။

ဆက်သားက အလျှင်အမြန်ပင် သူ့ကိုယ်ကို မြေ၌ ကပ်၍ ဦးတိုက်လိုက်လေပြီး ဒေါသထွက်နေသော မင်းသားကို တိုက်ရိုက်မကြည့်ရဲပေ။

"ပထမမင်းသား...ဒီငယ်သားက ကျင်းကျုံးထင် တကယ်သေသွားပြီဆိုတဲ့ သတင်းကို ရခဲ့တာ အမှန်ပါ။ ဒါ့အပြင် သူက မြေရှင်ငယ်လေးရဲ့ အိမ်မှာ ဆုံးပါးသွားတာပါခင်ဗျာ။ ကျွန်တော် ကြားရသလောက်တော့ တစ်ယောက်ယောက် က သူ့လက်ကို လူမြင်ကွင်းမှာ ဖြတ်ပစ်ပြီး ခေါင်းဖြတ် ကွပ်မျက်ပစ်လိုက်တယ်တဲ့"

ဖူယွမ်ဝူ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူ့၏ ကျစ်ကျစ်ပါအောင် ​ဆုပ်ထားသောလက်သီးဖြင့် စားပွဲထက်သို့ ရိုက်ချလိုက်၏။ ကျယ်လောင်လှသော အသံက အခန်းအပြင်ဘက်မှ လူများကို ထိတ်လန့်သွားစေပြီး တိတ်ဆိတ်သွားကြသည်။

"အဲ့လူက ဘယ်သူလဲ?ဘယ်သူက အဲ့လောက်ထိ အတင့်ရဲရတာလဲ?ကျင်းကျုံးထင် က ဒီမင်းသားရဲ့ နောက်လိုက်ဆိုတာကို သူတို့ မသိကြဘူးလား?အဲ့လူက တတိယမင်းသား ဘက်ခြမ်းကများလား?"

ထိုသူများသည်သာ သူ့လူများကို ညှာတာမှုမရှိဘဲ သတ်ဖြတ်ရဲပေလိမ့်မည်။

အကြောင်းမှာကား သူတို့သည် ထီးနန်းအတွက် ယှဥ်ပြိုင်နေကြသည့် ပြိုင်ဘက်များ ဖြစ်သောကြောင့် ပင်တည်း။

"ဒါ...သူတို့ မဟုတ်ပါဘူး"

ဆက်သား(သတင်းပို့သူ)က ထစ်အအနှင့် ပြောလာချေ၏။

"ဒါဆို အဲ့လူက ဘယ်သူလဲ?"

"အဲ့...အဲ့ဒီလူက...ကျွင်းဝမ်ပါ ခင်ဗျာ"

ဖူယွမ်ဝူ က ရှေ့သို့ ချက်ချင်း တိုးလာလေသည်။ သူက ဆက်သား၏ အကျီကော်လာကို  အားဖြင့် ဆွဲဆောင့်ပစ်လိုက်၏။ သူ့မျက်နှာက ဒေါသကြောင့် တွန့်ရှုံ့နေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now