အပိုင်း (၆၇.၁) - အငြင်းပွားမှုအား စာရင်းရှင်းခြင်း

Start from the beginning
                                    

"ဝမ်ရယ်...ဒီ စစ်သူကြီးက ဝမ်ရယ့်အမိန့်အတိုင်း ဒီနေရာကို ဝိုင်းထားလိုက်ပါပြီ။"

ဝမ်...ဝမ်ရယ် တဲ့လား?

ကျင်းကျုံးထင်နှင့် လျှိုဖေးဟုန်တို့သည် အလွန်အမင်း တုန်လှုပ်ထိတ်လန့်သွားကြလေ၏။ သူတို့၏ မျက်လုံးများက မျက်စိသူငယ်အိမ်ထဲမှ ပေါက်ထွက်လာမတတ် ပြူးကျယ်သွားရသည်။ ပို၍ ပို၍ ကြောက်ရွံလာလေပြီး သူတို့က ဖူဝူထျန်းကို ကြည့်လိုက်မိကြသည်။ သူ့၏ မျက်နှာအမူအရာမှာ အစကနေ အဆုံးထိ ပြောင်းလဲသွားခြင်း မရှိသော်ငြား သူ့ထံမှ ဖြာထွက်နေသည့် အကြင်နာတရားမဲ့၍ အေးစက်လှသော လျစ်လျူရှုမှုကို လူတိုင်း ခံစားမိကြပေသည်။

ကျွင်းကျီမြို့၌ ဝမ်ရယ်ဘွဲ့ ချီးမြှင့်ခံရသော လူအနည်းငယ်သာ ရှိပေသည်။ သို့သော် ဤကဲ့သို့သော ဝမ်ရယ် တစ်ပါးက မြို့တော်၌ ရှိနေကြောင်း သူတို့ တစ်ခါမျှ မကြားဖူးပါချေ။ ကျွမ်းကျီမြို့သို့ လအနည်းငယ်ကြာမှသာ ပြန်လာတတ်သည့် ကျွင်းဝမ်မှ လွဲ၍ ဖြစ်သည်။ သို့သော် ကျွင်းဝမ်က ဤနေရာ၌ မည်သို့ ရှိနေနိုင်လိမ့်မည်နည်း။

ထိုနှစ်ဦးသည် နောက်ဆုံးတွင် သူတို့စိတ်ထဲ၌ ခံစားနေရသည့် စိုးရိမ်ပူပန်မှုကို နားလည်သွားကြပြီ ဖြစ်သည်။

"အဲ့ဒီလူတွေကို ဒီမင်းသား အတွက် ဖမ်းလိုက်ကြစမ်း"

ဖူဝူထျန်း၏ အေးစက်စက် အကြည့်က သူတို့အပေါ်သို့ ရောက်ရှိလာချိန်၌ ကျင်းကျုံးထင် နှင့် လျှိုဖေးဟုန် တို့၏ ခြေထောက်များသည် မထိန်းချုပ်နိုင်ဖြစ်ကာ တုန်ယင်သွားကြ၏။

လူတိုင်းလိုလို ကျွင်းဝမ်၏ စစ်ရေးစစ်ရာ ဂုဏ်သတင်းအကြောင်းကို တစ်ခုမဟုတ် နှစ်ခု ကြားဖူးကြပေသည်။ ပထမမင်းသား အပါအဝင် မင်းသားအားလုံးက သူ့ကို သူတို့ဘက်သို့ ဆွဲဆောင်နိုင်ရန် အကောင်းဆုံး ကြိုးစားနေကြသည်။ ယခုအခါတွင် သူတို့က ထို ကျွင်းဝမ်ကိုမှ ဆန့်ကျင်လိုက်မိကြပေသည်။ ဤသည်ကို ပထမမင်းသား သာ သိရှိသွားခဲ့ပါက သူတို့ကို အရေခွံနွှာမပစ်လျှင်ပင် အတော်လေး အံ့အားသင့်စရာ ကောင်းနေပေလိမ့်မည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now