'Terminalက ဘာလဲ'

'Smart Phone တလုံးထက် / Computer တလုံးထက် ပိုတဲ့ စွမ်းဆောင်ရည်တွေ ရှိတယ်။ လူတိုင်းမှာ ကိုယ်ပိုင် Terminal ရှိတယ်။ ဒီကမ္ဘာမှာ Terminal ရဲ့ ID ကို မှတ်ပုံတင်အနေနဲ့ သုံးတယ်။ ဒါပေမယ့် မူလနေသန်က ထွက်ပြေးနေတာကြောင့် သူ့Terminal ကို စွန့်ပစ်ခဲ့တယ်။ လောလောဆယ် မင်းရဲ့ Tsuki က ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး up to date အဖြစ်ဆုံး terminal ပဲ။

'အွန်း .. Tsuki ထဲကို မြေပုံ ထည့်ပေး'
'Transferring Map Data .. 3 .. 2 .. 1 completed'

နေသန်က မြေပုံကို စစ်ဆေးရန် Terminal ကို ဖွင့်လိုက်သည်။ 3D Dimensions တစ်ခု အလင်းများ ဖြာထွက်လာပြီး မြေပုံက မျက်စိရှေ့မှာ ပုံဖော်ထားသကဲ့သို့ မြင်လိုက်ရသည်။

"Wow .. သောက်ရမ်းမိုက်တယ်"

ရှင်းနဲ့ ပြောလျှင် စိတ်ထဲကပဲ ဆက်သွယ်တာ ဖြစ်ပေမယ့် အသံထွက်ပြီး အော်မိလိုက်သည်အထိ စိတ်လှုပ်ရှားသွားသည်။

စက်ပစ္စည်းများကို နားလည်လွယ်တဲ့ ဖေးရဲ့၏ ပင်ကိုယ်အရည်အချင်းကြောင့် တခဏအတွင်းမှာ Terminal နှင့် ရင်းနှီးသွားတော့သည်။

Terminal ကို 3D အလင်းပေါ်တွင် လက်နဲ့ (သို့မဟုတ်) အသံဖြင့် command ပေးနိုင်သည်။ Terminal ID ကို စစ်ကြည့်တဲ့အခါ Nathan Clark အမည်နှင့် သုံးထားသည်ကို တွေ့ရသည်။ နေသန်က သူ့ရဲ့ Hacking စွမ်းရည်ကို စမ်းကြည့်သည့် အနေဖြင့် ပုံမှန်အခြေအနေမှာ ပြောင်းခွင့် လုံးဝမရှိတဲ့ ID ထဲက အမည်ကို Nathan Kris Clark အဖြစ် ပြောင်းလိုက်သည်။

'မင်း အဲ့နာမည်ကို ကြိုက်လို့လား။ ဘာလို့ မင်းရဲ့ နာမည် ရင်း မထည့်လဲ'
'ဒီအတိုင်း နေသန့်အဖေရဲ့ နစ်နာခံ ကြိုးစားမှုကို ငါ့အနေနဲ့ မှတ်တမ်းတင်ဂုဏ်ပြုပေးချင်ရုံလေးပဲ။ ငါ့နာမည်ရင်းထည့်လည်း ဒီကမ္ဘာနဲ့ အပ်စပ်မယ် မထင်လို့'

နေသန်က မြေပုံထဲကို ကြည့်ပြီး သုံးနေရာလောက် အမှတ်အသားလုပ်လိုက်သည်။ ထို့နောက် အနီးဆုံး မြို့ကို သွားရန် ဆုံးဖြတ်၍ ဦးတည်လမ်းလျှောက်သည်။ နေဝင်ခါနီးပြီ ဖြစ်၍ ခပ်သွက်သွက်လျှောက်လိုက်သည်။ သို့ရတွင် နောက်ကျောမှ တစုံတခုကို အာရုံခံမိလိုက်တာကြောင့် ငုံ့၍ ရှောင်လိုက်သည်။ ခေါင်းပေါ်မှ သစ်မြစ်အကိုင်းတစ်ခု ဖြတ်သွားသည်။ နေသန် လှည့်ကြည့်လိုက်သည်။

The Stranger I love (System)Where stories live. Discover now