အပိုင်း (၆၄.၂) - ဖူဝူထျန်း၏ စွမ်းအား

Start from the beginning
                                    

အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ အရင်ဧကရာဇ် ဝမ်ရယ့်ကို ပေးအပ်ခဲ့သည့် အာဏာကြောင့် ဖြစ်သည်။

လက်ရှိဧကရာဇ် ထီးနန်း ဆက်ခံထားသည်မှာ ယခုဆိုလျှင် နှစ်ဆယ့်ခုနစ်နှစ် ရှိသွားပြီ ဖြစ်သည်။ သို့သော် သူက ဧကရာဇ် နတ်ရွာစံသွားပြီးနောက်မှ ထီးနန်းကို ရရှိခဲ့ခြင်း မဟုတ်ပေ။ အရင်ဧကရာဇ် က ထီးနန်းကို စွန့်လွှတ်ပြီး သူ့အား လွှဲပေးခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်က သူ့၏တူ ဖူရှောင်း ကို အလွန်ပင် ချစ်ခင်နှစ်သက်သည်မို့ ထီးနန်း လွှဲအပ်ရန် ကြံရွယ်ထားခဲ့သည်။ သို့သော်လည်း ဖူရှောင်းမှာ စစ်ရေးစစ်ရာကိစ္စများနှင့်သာ အလုပ်ရှုပ်နေပြီး မြင်းကုန်းနှီးပေါ်၌ လွတ်လပ်ပေါ့ပါးစွာ နေထိုင်လိုသည်မို့ ထီးနန်း ကို ငြင်းဆန်ခဲ့သည်။ ထို့ကြောင့် အရင်ဧကရာဇ်သည် ထီးနန်းကို သူ့၏ တစ်ဦးတည်းသော သားတော် ထံသို့သာ လွှဲပေးလိုက်ရ၏။ သူ့၌ သမီးတော် များစွာ ရှိသော်လည်း သားတော်မှာမူ ဖူချုန်းတစ်ယောက်သာ ရှိသည်။

ထို့နောက် အရင်ဧကရာဇ်၏ ဖူရှောင်းအပေါ် နှစ်သက်သဘောကျမှုမှသည် ဖူဝူထျန်း အပေါ်သို့ ပြောင်းလဲသွားလေ၏။

ဖူဝူထျန်း မွေးဖွားလာပြီးနောက် သုံးလမျှအကြာတွင် သူ့မိဘများသည် သူ့အား ဖူနန်းတော်ထဲ၌ ထားရစ်ခဲ့လေသည်။ ထိုအချိန်တွင် ဧကရာဇ် နန်းစွန့်ထားသည်မှာ နှစ်အနည်းငယ်မျှ ကြာနေပြီ ဖြစ်သည်။ ဖူဝူထျန်း၏ အခြေအနေကို ကြားလိုက်ရပြီးနောက်တွင် ဧကရာဇ်က သူ့ကို အင်ပါယာနန်းတော်ဆီသို့ ခေါ်ဆောင်လိုက်ပြီး နှစ်အနည်းငယ်မျှ နံဘေးတွင် ထားရှိကာ ပြုစုပျိုးထောင်ပေးလေ၏။ တဖြည်းဖြည်းနှင့် သူသည် ဖူဝူထျန်းငယ်လေး၏ ဉာဏ်ရည် ထက်မြက်မှု၊ ရဲရင့်သတ္တိရှိမှုတို့ကြောင့် တုန်လှုပ်အံ့သြသွားရပြီး ဝူထျန်းကို ပို၍ပင် နှစ်သက်လာလေသည်။

ဧကရာဇ် မသေဆုံးမီ နှစ်နှစ်အလို၌ ချုန်းမင်ဧကရာဇ်သည် သူ့၏ အစစ်အမှန်အမူအကျင့်တို့ကို စတင်ထုတ်ဖော်လာပြီး အစွမ်းအစမရှိသည့် အာဏာရှင်အဖြစ်သို့ ဦးတည်နေလေသည်။ ထိုအချိန်၌ အရင်ဧကရာဇ်သည်ကား စွမ်းအားမဲ့နေလေပြီ ဖြစ်သည်။ ထို့ကြောင့် သူက သူ့၏ မျှော်လင့်ချက် အလုံးစုံကို ဖူဝူထျန်းငယ်လေး အပေါ်၌ ပုံအပ်လိုက်တော့သည်။ ထို့နောက် သူသည် ဖူဝူထျန်း အား သူ့အထက်ရှိ အရည်အချင်းမရှိသော အုပ်ချုပ်သူကို ကွပ်မျက်နိုင်ခွင့် နှင့် သူ့အောက်ရှိ လာဘ်စားသော အရာရှိ မှုးမတ်များကို ရှင်းထုတ်နိုင်သည့် စွမ်းအား တို့ ပေးအပ် လွှဲပြောင်းခဲ့လေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now