~11~

1.2K 168 24
                                    

Unicode

အထူးကြပ်မတ်စောင့်ရှောက်မှုယူနစ်...။
(ICU=Intensive Care Unit)

ကောင်လေးICUအခန်းထဲမှာရှိနေသည့်အချိန်။
အဲ့ဒီ့အချိန်ကသူ့ရဲ့နှလုံးသားကိုဆွဲကိုင်လှုပ်ထားသလို တဆစ်ဆစ်နာကျင်ရသည်။အဆုတ်သာမရခဲ့ရင် အသက်ရှင်ဖို့လမ်းစမရှိ။အဆုတ်တွေရဖို့အတွက် အလှူရှင်တစ်ယောက် ရှိမှသာအဆုတ်တွေရနိုင်မည်။

အဆုတ်တစ်ခုထဲနဲ့လူတစ်ယောက်ကကောင်းကောင်း အသက်ရှင်နိုင်တာမို့လို့ကောင်လေးနဲ့သွေးအမျိုးစားလဲတူ၊အရပ်အမောင်းလဲမတိမ်းမယိမ်းလောက်ဘဲရှိတဲ့သူရဲ့
အဆုတ်တစ်ခုကိုပေးပြီး အမြန်ဆုံးသာကုလိုက်ချင်သည်။
သို့သော်သူ့ကောင်လေးကCFလူနာဖြစ်တဲ့အလျောက်
အစားထိုး ကုသမှုမှာအဆုတ်တစ်စုံကိုလိုအပ်သည်။
လှူမဲ့အလှူရှင်ကအဆုတ်တစ်စုံလုံးကိုလှူမှဖြစ်မှာမို့လို့ မသေခင်အတွင်း ကလီစာတွေအကုန်လှုထားတဲ့ အလှူရှင်မျိုးဖြစ်မှသာရမည်။

သာမန်လူတစ်ယောက်ကအဆုတ်တွေကိုလှူမယ်
ဆိုခဲ့ရင်တောင်အသက်ရှင်ဖို့နည်းလမ်းမရှိပေ။
ထိုသို့သာမန်လူတစ်ယောကလှူမယ်ဆိုရင်လဲ ကာယံကံရှင်ရဲ့ဆုံဖြတ်ချက် ဆေးမှတ်တမ်း ဆေးရုံရဲ့ခွင့်ပြုချက်ကလိုအပ်သေးသည်။
သာမန်လူတစ်ယောက်ကိုရောဂါမရှိဘဲ သေဆုံးခွင့်ပေးလိုက်ဖို့ကမဖြစ်နိုင်ပေမဲ့ ကျွန်တော့်မှာ နှလုံးရောဂါအခံရှိနေတော့တာ ။

ICUအခန်းထဲမှာရှိတဲ့ကောင်လေးရဲ့မျက်နှာက
သိသိသာသာချောင်ကြသွားခဲ့သည်။လက်သွယ်သွယ်ပေါ်မှာ ရက်ရက်စက်စက်ထိုးစိုက်ထားသည့်အပ်တွေနဲ့ကောင်လေးကို
မြင်နေရတာက သူ့အတွက်ရင်အနာရဆုံးမြင်ကွင်းတစ်ခု။ကောင်လေးနဲ့ သူစကားတစ်ခွန်းပြောဖို့နေနေသာသာအသက်ကိုပင် ဝအောင်မရှုနိုင်တော့သည့်ကောင်လေးကOxygenပိုက်နဲ့ အလုအယက်အသက်ရှုနေရသည်။

စကားပြောခွင့်တောင်မရှိတော့တဲ့သူတို့နှစ်ယောက်က
မျက်ဝန်းတွေနဲ့ဆက်သွယ်ခဲ့ကြသည်။ထိုမျက်ဝန်းတွေထဲမှာ ကြေကွဲမှုအရိပ်ယောင်တွေပါနေခဲ့သည်။Jeon ရဲ့မျက်ဝန်းတွေကမကြာခင်အဆင်ပြေသွားမှာဆိုသည့် အရိပ်အယောင်တွေမြင်နေရသည်။အလှုရှင်ရတာနဲ့ခွဲစိတ်ရမည့်အခြေအနေ၊Oxygenစက်ကြောင့်သာမဟုတ်ရင်ဆုံးရှုံးရမည့်အခြေအနေ။
အလုပ်မလုပ်တော့တဲ့အဆုတ်တစ်စုံနဲ့ကောင်လေးတစ်ယောက်။

L'Amour ||Taekook||√√        [Completed]Where stories live. Discover now