~1~

6.5K 352 41
                                    

Unicode

ပြင်သစ်နိုင်ငံ, ပဲရစ်(Paris)မြို့(သို့)ပါရီမြို့။

Parisမြို့တော်ကြီးရဲ့eiffelTower(အီဖယ်မျှော်စင်)ကြီးကိုနောက်ခံထားပြီး ငူငူငိုင်ငိုင်ထိုင်နေသည့်ကောင်လေးတစ်ယောက်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Parisမြို့တော်ကြီးရဲ့eiffelTower
(အီဖယ်မျှော်စင်)ကြီးကိုနောက်ခံထားပြီး ငူငူငိုင်ငိုင်ထိုင်နေသည့်ကောင်လေးတစ်ယောက်။

Oxygenစက်ကိုဘေးလွယ်အိတ်လေးထဲ
ထည့်ကာတစ်စောင်းလွယ်ထားပြီးနှာခေါင်းတွင်လဲ
oxygen ပိုက်လေးတပ်ထားသေးသည်။

"ကောင်လေး"

ဘေးနားမှသူ့အားလာခေါ်နေသည့်လူကိုမော့ကြည့်မိတော့ ပြင်သစ်လူမျိုးပေမဲ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့ရယ်။
တစ်ချက်ကြည့်ပြီးတာနဲ့အကြည့်လွှဲပစ်လိုက်သည်။
ထိုလူကသူထိုင်နေတဲ့နေရာနဲ့နှစ်ပေအကွာလောက်မှာ
ဝင်ထိုင်ပြီးစကားစပြောသည်။

"အာရှသားတွေက သဘောမကောင်းဘူးဘဲ။"

"ဟင်...ကျွန်တော်အာရှသားမှန်းဘယ်လိုသိတာလဲ။"

ထိုလူရဲ့စကားကြောင့်ထယ်ယောင်းမျက်လုံးပြူးကာ
အံဩတကြီးမေးမိတော့သူကခပ်ဟဟရယ်သည်။
တွေ့ဖူးသမျှပြင်သစ်သားတွေထဲမှာထိုလူသည် အတော့်ကို
ချောလွန်းပါသည်။

"ကောင်လေးရုပ်က အာရှသားမှန်း
ကိုယ်ခွဲတတ်တယ်။"

ထယ်ယောင်းကပြောရမယ်ဆိုရင်ကိုရီယားရုပ် သိပ်မပေါက်။ဒါပေမဲ့လည်းထိုလူကသိတယ်ဆိုတော့လည်း သိတယ်ပေါ့။

မေးခွန်းတွေဆက်မထုတ်တော့ဘဲငြိမ်သက်စွာသာ ထိုင်နေမိသည်။

ထိုပါရီသားနဲ့စကားပြောလိုက်တာ လက်ရှိဘဝကိုမေ့သလို
ဖြစ်သွားပေမဲ့စကားတွေရပ်သွားတဲ့အခါ လက်ရှ်ဘဝကိုပြန်သတိရလာသည်။

L'Amour ||Taekook||√√        [Completed]Where stories live. Discover now