~2~

2K 258 15
                                    

Unicode

ကော်ဖီခွက်လေးကိုင်ကာလေကောင်းလေသန့်ရှုရင်း စိတ်အပန်းဖြေဖို့ရန်အတွက်ဆေးရုံ၏ခေါင်မိုးထပ်ကို
တက်လာခဲ့လိုက်သည်။ဒီနေ့ဆိုသူတာဝန်ကျတဲ့ဆေးရုံကို
ရောက်တာ လေးရက်မြောက်နေ့ဖြစ်သည်။ထင်ထားသည်ထက်အများကြီးပို၍အဆင်ပြေသည်
ပြောရမည်။

တစ်ကောင်ကြွက်ဖြစ်တဲ့သူဟာလူတွေကြားထဲ သိပ်၍လည်းမနေတတ်သည်မို့ အမြဲတမ်းတသီး
တသန့်ဖြစ်နေတတ်သူဖြစ်သည်။

ဒီဆေးရုံကိုသဘောကျရသည့်အချက်သည်စိတ်အပန်းဖြေရာ
Eiffel Towerလိုမြင်ကွင်းကြီးကိုလဲဆေးရုံ၏
အပေါ်ဆုံးထပ်တွင် တွေ့နိုင်၍ဖြစ်သည်။

ခေါင်မိုးတံခါးကိုဖွင့်လိုက်တော့သူနဲ့ရင်းနှီးနေသည့်
ကျောပြင်ငယ်လေးကိုတွေ့လိုက်ရသည်။အပြင်မှာ
အေးနေတာကိုOxygenပိုက်တန်းလန်းလေးနဲ့
ပုံထိုင်ဆွဲနေလေသည်။ကလေးတွေများသိပ်ဆိုးသည်ဘဲ။

"Baby Kim"

မျက်တောင်ရှည်ကြီးတွေကိုပုတ်ခတ်ကာသူ့အား လှမ်းကြည့်နေသည့်ကောင်လေး၏သွင်ပြင်သည် ထူးဆန်းသွားဟန်။အထိန်တလန့်လဲဖြစ်သွားသည်။

ကောင်လေးကသူ့ကိုမြင်ထဲကတင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားသည့်စာအုပ်ထဲမှဆွဲလက်စပုံကို
ချက်ချင်းဖွက်ကာအိတ်ထဲအလျင်အမြန်ထိုးထည့်လိုက်သည်။

"ကိုယ်အတင်းလုမကြည့်ပါဘူး။ မဖွက်လဲရပါတယ်။"

"မဟုတ်ဘူး။ကျွန်တော်...လျှောက်ဆွဲထားတာမို့လို့"

ကောင်လေးကိုပြုံးပြပြီးသာကောင်လေးထိုင်နေတဲ့ ခုံတန်းဘေးမှာဝင်ထိုင်လိုက်သည်။

"အပြင်မှာအရမ်းအေးနေတာကိုအထဲဝင်သင့်ပြီ။"

"Towerကိုကြည့်ချင်လို့ပါ။ဆေးရုံတစ်ခုလုံးမှာ ဒီအထပ်ကိုအကြိုက်ဆုံးဘဲ"

"ဒါပေမဲ့ မင်းနဲ့ဒီအထပ်ကမတည့်ဆုံးဘဲလေ။ဒီမျှော်စင်ကိုအရမ်းကြိုက်တယ်ထင်တယ်။
စတွေ့တုန်းကလဲ Eiffel Towerအရှေ့မှာ။"

L'Amour ||Taekook||√√        [Completed]Tahanan ng mga kuwento. Tumuklas ngayon