~9~

1.1K 167 6
                                    

Unicode

မသေခင်ပြုလုပ်ချင်သည့်စာရင်း....။

ဆေးရုံဝန်းထဲကအရိပ်ရတဲ့သစ်ပင်အောက်မှာ
ဝင်ထိုင်ရင်းTaehyungသူ့ရဲ့noteစာအုပ်လေးကို
ကိုင်ပြီး ခဲတံလေးတစ်ချောင်းနဲ့ဟိုချစ်ဒီချစ်လုပ်နေသည်။

"Kiss from Jeon.....finish" √

ပါးစပ်ကနေတိုးတိုးရွတ်လိုက်ပြီးပါးပြင်လေးက ဖြန်းကနဲနီရဲသွားသည်။လက်ကလဲထိုစာတန်းလေးကို
အမှန်လေးကောက်ချစ်လိုက်သည်။
ပထမဆုံးနဲ့နောက်ဆုံးတစ်ခါအနမ်းကိုJeonဆီက
ရလိုက်သည်။တစ်ခါပါဘဲ။ရည်းစားဖြစ်လာတဲ့
အချိန်အတွင်းမှာ တစ်ခါဘဲနမ်းဖူးသည်။

~Travel with Jeon ~

ဘာရယ်မဟုတ်စိတ်ကူးယဉ်းထားမိတာက အဆုတ်တွေရခဲ့ရင်Jeonနဲ့ခရီးအတူသွားချင်မိသည်။

သူရဲ့noteထဲကစာသားလေးတွေကJeon ဆိုတဲ့ နာမ်စားလေးနဲ့အဆုံးသတ်သွားတတ်သည်။
ငါးနှစ်ဆိုတဲ့တန်ဖိုးရှိတဲ့အချိန်အတွင်းမှာတန်းဖိုးရှိတဲ့
သူတွေနဲ့သာကုန်ဆုံးချင်သည်။မာမီနဲ့Jeonက သူ့ဘဝရဲ့တန်ဖိုးအရှိဆုံးလူသား။

သူအတွေးလွန်နေတုန်းမှာဘဲအခန်းထဲကိုဝင်လာတဲ့Jeon။
ဘာတွေလုပ်နေလဲဆိုတာကိုမျက်စဖြင့်မေးသည့် Jeonကသိပ်ကိုအမြင်ကပ်ဖို့ကောင်းလွန်းပါသည်။

"Dutyချိန်မရှိတော့ဘူးလား။"

မျက်ခုံးပင့်ပြီးမေးလိုက်တော့သူရဲ့စားပွဲခုံ
ရှေ့ကဆိုဖာမှာဝင်ထိုင်ပြီးပြုံးစစနဲ့
"အချစ်ကိုလွမ်းလို့"တဲ့လေ။

မနေ့ကညနေထဲကတစ်နေကုန်မတွေ့ရဘဲ ညရောက်တော့လဲနှုတ်မဆက်ဘဲအိမ်ကို ပြန်သွားသည်။မနက်ကတော့Dutyရှိလို့ဆိုပြီးလာမတွေ့တဲ့Jeonကို
စိတ်မဆိုးဘဲမနေနိုင်။သူကတော့အခန်းထဲကနေ
တစ်မျှော်မျှော်နဲ့။တာဝန်အပြည့်နဲ့ဆရာဝန်ကြီးကိုမှ
ချစ်မိတော့လဲခံပေတော့Taehyungရေ။

မျက်စောင်းလေးထိုးလိုက်တော့တဟားဟားရီပြီး သူ့ကိုပြုံးပြီးကြည့်နေပြန်သည်။အဲ့ဒီ့အပြုံးထဲမှာ Jeonကျတော်ကိုဘယ်လောက်မြတ်နိုးလဲဆိုတာ
တွေ့နေရသည်။

"ချစ်တယ်။ကောင်လေး။"

"ကျတော်ရောဘဲ။ ချစ်တယ်။"

L'Amour ||Taekook||√√        [Completed]Where stories live. Discover now