Zawgyi
Doctocr Jeonကသူ့ကို
အော်လိုက်တာလား။စိတ်ပျက်ဖို့ကောင်းတယ်
ဆိုတဲ့စကားကနားထဲမှာထူပူနေတုန်း။
အစထဲကစိတ်ခံစားချက်လွယ်သူမို့လို့ Doctor Jeonရဲ့လေသံမာမာကိုကြားတော့ မျက်ရည်တွေချက်ချင်းဝဲတက်လာသည်။သူနဲ့ Adamကမျက်နှာချင်းဆိုင်အခန်းဖော်တွေ။ သိတာတစ်ပတ်လောက်ပဲရှိသေးတဲ့ဆက်ဆံရေးမို့
ရင်နှီးသွားအောင်စကားပြောကြရုံလေးပါ။Adamနဲ့ခြောက်ပေအကွာကနေလမ်းလျှောက် လာရင်းဆေးရုံအောက်ထပ်ကိုရောက်သွားခဲ့တာ။
ခြောက်အပေအကွာနေခဲ့ပေမဲ့သူ့အမှားကြောင့် ဘယ်အချိန်သတိလွတ်သွားမှန်းမသိ။သေချာတာတစ်ခုကတော့သူဆေးရုံကကန်တင်းမှာ
Doctor Jeonနဲ့ ဆရာဝန်မစကားပြောနေတဲ့
မြင်ကွင်းကို မြင်ပြီးတဲ့အချိန်ဖြစ်ပါလိမ့်မည်။ထိုမြင်ကွင်းကိုသူသဘောမကျမိတာတော့ အမှန်။
အစထဲကစိတ်မကြည်တဲ့အချိန်မို့Doctor Jeon
အော်လိုက်တော့မှ ငိုချင်ရက်လက်တို့ဆိုသလို
မျက်ရည်တွေဝဲကာ DoctorJeonကိုသာ
ငေးကြည့်နေမိသည်။Doctor Jeonကတော့သူ့ကိုအရေးတောင်
မလုပ်။သူ့ကိုလျစ်လျူရှူရင်းဆရာဝန်မလေးနဲ့သာ
သူတို့အနားကနေထွက်သွားသည်။Dr.Jeonရဲ့အပြုအမူတွေကိုသူ့ကိုဝမ်းနည်းစိတ်
ဖြစ်စေသည်။ဒါကိုDoctor Jeonမသိပါဘူး။
အော်ခံရလို့ဝမ်းနည်းတာထက် Doctor Jeonက တစ်ခြားမိန်းမတစ်ယောက်နဲ့ရှိနေပြီး သူ့ကို အဲ့ဒီဆရာဝန်မအရှေ့မှာအော်လိုက်တာ။ဝမ်းနည်းလို့ကျတဲ့မျက်ရည်တွေကို အမြန်
ပုတ်ထုတ်လိုက်ပြီးကိုယ့်အခန်းကိုယ်သာ
ပြန်တတ်လာခဲ့လိုက်သည်။"အစုပ်ပလုတ်ကြီး။"
Taehyungကကုတင်ပေါ်ထိုင်ကာOxygen
ပိုက်ကိုဖြုတ်ပြီးတရှုပ်ရှုပ်ငိုသည်။
ဘေးကတစ်ရှုးဘူးထဲကတစ်ရှုးတွေကိုလည်း တစ်ဘူးလုံးကုန်အောင်တစ်ထိုင်ထဲသုံးပစ်မည့်ပုံစံရှိသည်။ငိုလို့ဝသွားမှမောပြီးအိပ်ပျော်သွားသည်။
ငိုထားလို့နှာခေါင်းထိပ်လေးကလည်း
ရဲတွတ်နေသည်။သူအိပ်ယာကနိုးလာတော့ ညတောင်မိုးချုပ်နေပြီ။
မာစီက ဘေးနားမှာညစာဗန်းလေးနဲ့ထိုင်စောင့်နေသည်။