~10~

1K 146 8
                                    

Unicode

ပြတိုက်ကအပြန်ဆေးရုံမပြန်ချင်သေးဘူးဆိုတဲ့ စကားကြောင့်သူသွားနေကြမျှော်စင်ရှေ့က
စားသောက်ဆိုင်တစ်ခုကိုခေါ်သွားဖြစ်သည်။
ကောင်လေးကအစားအသောက်ထက်ရှုခင်းတွေကို ပိုစိတ်ဝင်စားသည့်ပုံစံ။

အစားအသောက်ကိုသိပ်မမက်မောသည့်
သူ့ကောင်လေးကြောင့်
သူစားနေကြအစားအစာကိုသာမှာဖြစ်သည်။ဆေးတွေကြောင့် ပါးစပ်ပျက်နေတဲ့သူ့ကောင်လေးကသာသာမန်လူတစ်ယောက်ဆိုရင် အစားအသောက်တွေကိုခုံမင်သူတစ်ဦးဖြစ်မလာဆိုတဲ့အတွေး။ တစ်ခါတစ်ရံကောင်လေးရဲ့မူလပုံစံကိုမြင်မိချင်သည်။
ဒါပေမဲ့လဲသူကသူ့ရဲ့ရောဂါသည်လေးကိုမြတ်နိုးနေမိတာ။

ပန်းကန်ပြားတစ်ချပ်ပေါ်မှာပြန့်ကျဲနေတဲ့သက်သက်လွတ် အစားစာတွေနဲ့ပြည့်နေသည့်နေ့လည်စာ။အနီရောင်ဂေါ်ဖီထုပ်၊
ရွှေဖရုံစေ့၊ပဲပင်ပေါက်၊အစေ့မပါတဲ့စပျစ်သီးခြောက်၊မုန်လာဥဝါနဲ့
အကြွပ်ကြော်တွေနဲ့သာစီစဉ်ထားတဲ့သက်သက်လွတ်စာက အတော်လေးကိုစားကောင်းပါသည်။ဒါပေမဲ့ကောင်လေးကတော့
ပါးစပ်တွေ့ပုံမပေါ်။

ပန်းကန်ပြားတစ်ချပ်ပေါ်မှာပြန့်ကျဲနေတဲ့သက်သက်လွတ် အစားစာတွေနဲ့ပြည့်နေသည့်နေ့လည်စာ။အနီရောင်ဂေါ်ဖီထုပ်၊ရွှေဖရုံစေ့၊ပဲပင်ပေါက်၊အစေ့မပါတဲ့စပျစ်သီးခြောက်၊မုန်လာဥဝါနဲ့အကြွပ်ကြော်တွေနဲ့သာစီစဉ်ထားတဲ့သက်သက်လွတ်စာက အတော်လေးကိုစားကောင်းပါသည်။ဒါပေမဲ့ကောင်လေးကတ...

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

"မကြိုက်ဘူးလား။"

Jeonရဲ့အမေးကိုခေါင်းခါပြလိုက်ပြီး
ပန်းကန်ပြားကိုလက်ညိုးထိုးကာ

"ဒါကိုသဘောကျပါတယ်။ဒါပေမဲ့ကျတော့်ပါးစပ်ထဲမှာ
ဘာစားစားအရသာမရှိဘူးလေ။"

စိတ်မကောင်းဖြစ်သွားပုံပေါ်တဲ့Jeonကိုစကား
လမ်းကြောင်းလွဲဖို့ရာစကားစလွဲလိုက်မိသည်။

"ဝါး....ဒီမျှော်စင်ကဘယ်ကကြည့်ကြည့်ပြည့်စုံတယ်။ ကျတော်တို့နောက်တစ်ခါဒီကိုလာကြအုံးမယ်မလား။"

L'Amour ||Taekook||√√        [Completed]Tempat cerita menjadi hidup. Temukan sekarang