Unicode
ဆေးရုံရဲ့ထမင်းစားဆောင်ဘက်တွင်
ထမင်းစားနေသည့် သားအမိနှစ်ယောက်၏ မြင်းကွင်းသည်ကြည်နူးဖွယ်အတိ။Taehyungရဲ့အမေသည်နေလည်စာ
ကောင်းကောင်းမွန်မွန်စားနေပေမဲ့Taehyung
ကတော့ တစ်ဇွန်းနှစ်စွန်းသာခပ်စားသည်။ပြင်သစ်လူမျိုးတွေသည်ပေါင်မုန့်၊အသားနဲ့ အသီးတွေကိုဦးစားပေးစားသုံးကြသည်။
ပြင်သစ်အစားစာတွေကိုTaehyung
နှစ်သက်ပါသည်။သို့သော်ရောဂါအတွက်
သောက်နေရသည့်ပိုးသတ်ဆေးတွေကြောင့်
ပါးစပ်ပြတ်ကာ ဘာစားစားအရသာမရှိ ဖြစ်ရသည်မှာ အမြဲလိုပင်ဖြစ်နေတော့သည်။"သားလေးစားလေ မကြိုက်လို့လား။"
အစားသိပ်မစားတဲ့Taehyung ကို အမေဖြစ်သူကစိတ်ပူကာမေးတော့ Taehyungသည်ပြုံး၍သာခေါင်းလေးခါပြလိုက်သည်။
"မဟုတ်ပါဘူး။ကြိုက်ပါတယ်။
မာမီနဲ့ထမင်းအတူမစားဖြစ်တာကြာပြီနော်။"Taehyungရဲ့ပုံစံသည်ဝမ်းနည်းနေပုံရသည်။
အမေဖြစ်သူနဲ့ခွဲကာရေမြေခြားမှာဆေးကုနေရသူက တွယ်ကပ်စရာ မှီခိုစရာ အားဟူ၍ပင်မရှိ။အမေဖြစ်သူကိုလဲအပြစ်မတင်ရက်ပါ။ ဒီလိုနေရာမျိုးမှာဆေးကုနိုင်ဖို့ကြိုးစားပေးတဲ့ အမေကိုပို၍ပင်ကျေးဇူးတင်သောကြောင့်ဖြစ်သည်။
အမေစိတ်မကောင်းဖြစ်မှာစိုး၍ပါးစပ်ထဲ၌အရသာ
မရှိသော ဟင်းပွဲတွေကိုဟန်ဆောင်ကာစားပြလိုက်သည်။"မာမီလည်းလာချင်ပါတယ်။သားလေး
တစ်ယောက်ဘဲရှိတာ။ဟိုမှာမာမီသာ အလုပ်မလုပ်ရင်အဆင်မပြေဘူးလေ။
သားအသိဆုံးမလား။"ဖျော့တော့တော့လေးသာပြုံးပြလိုက်မိသည်။
မာမီကသူ့အတွက်ကြိုးစားပေးနေရတာ သူကတစ်ဦးတည်းသောသားဖြစ်နေပေမဲ့ အမေရဲ့အလုပ်တွေကိုဝိုင်းမကူနိုင်ခဲ့ဖူးလေ။"မာမီသားလေးကိုတော့ အသက်ရှည်စေချင်တယ်။ မာမီကြိုးစားသလိုသားလဲကြိုးစားပေးမယ်မဟုတ်လား။"
Taehyungရဲ့အမေသည်မျက်ဝန်းထဲတွေ
မျက်ရည်များဝေ့သီလာကာသားဖြစ်သူကို မျှော်လင့်ချက်တွေနဲ့မေးနေလေသည်။