~8~

1.1K 172 34
                                    

Unicode

ကျတော်ပြုံးပြလိုက်တိုင်းမနှေးအမြန်ပြန်
ပြုံးပြတဲ့ ကျတော့်ရဲ့ Jeon။Jeonနဲ့ ကျတော်ကသိပ်ချစ်ကြတဲ့ချစ်သူတွေ။
မဖြစ်နိုင်ဘူးဆိုပြီးလှောင်ပြောင်နေတဲ့ ကံကြမ္မာကြီးကိုမျက်ကွယ်ပြုပြီးကျတော်တို့ သိပ်ချစ်ခဲ့ကြတယ်။

ကျတော်နဲ့Jeonရဲ့ချစ်ခြင်းကလိုချင်တက်မက်မှု
ရမက်တွေဘာမှမပါဘဲအရောင်အစွန်းမရှိ
လောက်အောင် ကို ဖြူစင်တယ်။Jeon နဲ့ ကျတော်ကနမ်းခွင့်မရှိဘူး။Jeonရဲ့မှဲ့လေးနဲ့ နှုတ်ခမ်းလုံးလုံးလေးတွေကြောင့်တစ်ခါ
လောက်တော့ အနမ်းရဲ့အရသာကိုမြည်းစမ်းခဲ့တယ်။တစ်ယောက်ကိုတစ်ယောက်အထိအတွေ့တွေမှာ
သာယာခွင့်လဲ မရှိဘူး။ဒါကြောင့်ကျတော်တို့ရဲ့ အချစ်ကသိပ်ကိုဖြူစင်တယ် Jeon။

ဖြူစင်လွန်းတဲ့အချစ်ကအချိန်ကြာလာရင်
ငြီးငွေ့သွားမလား ကျတော်မသိဘူးJeon။
ကျတော်ကလက်လွှတ်ရမယ့်သူမို့ အစစအရာရာပြင်ဆင်ထားတယ်။ကျတော်ရဲ့ ခန္ဓာကိုယ်ကိုတောင် မပိုင်တဲ့ကျတော်က ပိုင်ဆိုင်ခြင်းကိုလက်လွှတ်ထားတယ်။ ခဏတာပိုင်ဆိုင်ခြင်းမှာJeonကကျတော့်ရဲ့ တန်ဖိုးရှိတဲ့ပိုင်ဆိုင်ခြင်းတစ်ခုပါ။

အချိန်ရရင်ရသလိုဆေးရုံခေါင်မိုးထပ်မှာ ထိုင်နေတတ်တာကလဲအကျင့်တစ်ခုလိုပင်
ဖြစ်နေပြီ။Jeon Dutyကျတဲ့အချိန်ဆို သူသွားနေကျခေါင်မိုးထပ်လေးကိုရောက်နေပြီ။

ထိုင်နေရင်းလဲတစ်ခါတစ်ခါအတွေးလွန်နေတတ်သည်။
Franceကိုသူအရမ်းကြိုက်တယ်။နေ့တိုင်း
မြင်နေရတဲ့ Eiffel Towerကိုလဲမငြီးမငွေ့ သဘောကျနေတုန်း။Jeonနဲ့ကျတော် မျှော်စင်လေးအောက်မှာစတွေခဲ့ကြတယ်။
ကျတော်ဘဝအတွက်အလင်းတန်းလေးတစ်ခုအဖြစ်။

~I met you in the dark
  You lit me up~
အမှောင်ထုထဲမှာမင်းကိုစတွေခဲ့တယ်။
ကျတော့်ဘဝကို အလင်းပြသူလေး

~You made me feel as
through I was enough~
မင်းအနားရှိနေရင်ပြီးပြည့်စုံတဲ့ခံစားမှုမျိုး။

ခေါင်းမိုးထပ်လေးမှာမျှော်စင်ရဲ့ရှုခင်းကို ငေးပြီးသီချင်းငြီးနေတဲ့Taehyungရဲ့ ပုံစံကကမ္ဘာမှာမရနိုင်တဲ့ပန်းချီကားတစ်ချက်လိုပင်။

L'Amour ||Taekook||√√        [Completed]Where stories live. Discover now