အပိုင်း - ၇၂

Start from the beginning
                                    

ပိုင်ရန် ထိုနေရာကို သူ့လက်ချောင်းတွေနဲ့ အမြန်တိုးဝင်လိုက်တယ်။

အဲ့တာက အနည်းနဲ့အများတော့ သန့်ရှင်းသွားပြီလို့ ခံစားမိပြီးနောက် ကန်အစပ်နားကို ထသွားကာ စိုစွတ်နေတဲ့ မြေကြီးပေါ်ပစ်ချခဲ့တဲ့ အဝတ်တွေကို ပွတ်လျှော်လိုက်တယ်။

တစ်လောကလုံး တိတ်ဆိတ်နေပြီး သူ့အဝတ်တွေကို လျှော်နေတဲ့အသံတစ်ခုသာ ကြားရတယ်။ သန့်ရှင်းပြီးနောက် ရေညှစ်လိုက်တယ်။ နောက်ကိုလှည့်လိုက်တယ်ဆိုရင်ပဲ တစ်စုံတစ်ယောက်နဲ့ တိုက်မိမတတ်ဖြစ်သွားတယ်။ နတ်ဆိုးဘုရင်ကြီး သူ့နောက်ရောက်နေတာကို သတိမထားမိခဲ့ဘူး။ သူ့ခန္ဓာကိုယ်ပတ်လည်တစ်ဝိုက်လေထုက အန္တရာယ်ရှိနေပြီး မျက်လုံးတွေက ဖျတ်ခနဲရဲသွားတဲ့ပုံပေါ်တယ်။

ပိုင်ရန်တုန်တက်ကာ ရေထဲကို နောက်ပြန်ဆုတ်မိသွားတယ်။

“အရှင်ကြီး?” သူ မေးလိုက်တယ် “ဘယ်တုန်းက ဒီနားရောက်နေတာလဲ?”

နတ်ဆိုးဘုရင်ကြီးက ကျောက်တုံးတစ်တုံးလို ရပ်နေဆဲဖြစ်ပြီး နတ်ဆိုးဘုရင်ကြီးက သူ့နောက်ရောက်နေတာကို ပိုင်ရန်မတွေ့မိခဲ့ဘူး။

သူ့ကိုဘာက စိုးရိမ်စေတာလဲဆိုရင် နတ်ဆိုးဘုရင်ကြီးကို ပတ်လည်ဝိုင်းနေတဲ့လေထုဖြစ်တယ်။ သူ့ခန္ဓာကိုယ်ထဲကနေ အနက်ရောင်အမျှင်တန်းလေးတွေ ကတိုက်ကရိုက်ထွက်နေပြီး သူ့ကိုဝိုင်းပတ်ကာ တဖြည်းဖြည်း ထူသထက်ထူလာတယ်။

“အခုပဲ” နတ်ဆိုးဘုရင်ကြီးအသံက ကွဲအက်လို့နေတယ်။ သူပိုင်ရန့်ကိုစိုက်ကြည့်နေပြီး သူ့မျက်လုံးတွေကလည်း သိသိသာသာကို နီတက်လာတယ်။

နှစ်နဲ့ချီ နီးနီးကပ်ကပ်ထိုးစစ်ဆင်လာတဲ့ အလိုအလျောက်တုန့်ပြန်မှုက ပိုင်ရန့်ကို မသက်မသာဖြစ်လာစေပြီး ကမ်းစပ်နားကို လျှောက်ကာ ပြောလိုက်တယ် “ကျွန်တော် ဆေးကြောလို့ပြီးသွားပြီ သွားကြမယ်လေ”

သူပြောနေရင်းနဲ့လည်း စိုနေတဲ့အဝတ်တွေကို ဆွဲကာ ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်တယ်။

ကမ်းစပ်နားတောင် မရောက်သေးခင် နတ်ဆိုးဘုရင်ကြီးက သူ့ရှေ့မှာပေါ်လာပြီး လမ်းကို ပိတ်လိုက်တယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now