"High boss ကြီး ..."
"အွန်း .. လိုက်ပို့ပေးမယ်"
"ကျနော့ယောကျာ်း အကောင်းဆုံးပဲ"
"ကလေး ဘာဖြစ်တာတဲ့လဲ"
"ဘာမှ မဖြစ်ပါဘူး။ လူငယ်တွေ လက်တည့်စမ်းတာနေမှာ။ Server Security ပေါက်သွားတယ်တဲ့"
'ငင့်'

နည်းပညာနဲ့ အသက်မွေးသူတွေအတွက် Data ပေါက်ကြားလျှင်သော်လည်းကောင်း၊ ကိုယ့် Network ထဲ ဖောက်ဝင်လာပြီး မွှေနှောက်သွားရင်သော်လည်းကောင်း ဆုံးရှုံးမှုက အရမ်းကြီးသည်။ ဒါကို သာမာန်ကာ လျှံကာလောက် ပြောနေသော Shou ကိုတော့ လက်ဖျားခါမိသည်။ ဘာပဲဖြစ်ဖြစ် Shou ရဲ့ အခုလိုပုံကို မမြင်ရတာ အတော်ကြာနေပြီ။ Kou နှင့် အဖေ့နောက်မှာသာ အမြဲနေ၍ ရှေ့ထွက်မလာပေမယ့် Shou က ဘယ်လောက်ထက်မြက်လဲဆိုတာ Kou အသိဆုံးပင်။

Kou Corporation မှာတောင် Shou ရဲ့ အနေအထိုင် တည်တံ့မှုနှင့် စကားပြောလျှင် အချက်အလက် ပြည်စုံမှုကြောင့် လှန်နိုင်သည့်သူမရှိပေ။ တချို့သတင်းများကို Shou က အားလုံးထက် စောသိတတ်ပြီး ရံဖန်ရံခါ ပြိုင်ဘက်ကုမ္ပဏီများ၏ project များအထိ အတိအကျ သတင်းရလေ့ရှိသည်။ Kou က မေးတိုင်း ရယ်၍ Hack ထားတာလို့ ပြောတတ်သည်။ Kou က နောက်နေတာလို့ပဲ ထင်ခဲ့သည်။

Shou က Laptop တစ်လုံးနှင့် အင်တာနက်မှတဆင့် SL ကွန်ယက်ထဲ ဝင်ရောက်သွားပြီ ဖြစ်သည်။ Shou က ကားမောင်းရင်း Laptop သို့မဟုတ် ဖုန်းကြည့်လျှင် မူးတတ်သူမို့ Kou က ကားကို ဂရုစိုက်၍ ညင်သာစွာ မောင်းပေးနေသည်။ SL ရှေ့မှာ ကားထိုးရပ်လိုက်တာနဲ့ Laptop ကို မပိတ်ပဲ ကိုင်ပြီး ဆင်းသွားသည်။ SL မှာလည်း Shou ရဲ့ ရုံးခန်း သက်သက်ရှိပေမယ့် Shou သွားနေတာ သူ့ရုံးခန်းကို မဟုတ်ပဲ အခန်းကျယ် တစ်ခုထဲသို့ ဖြစ်သည်။

အထဲမှာ လူအတော်များများ ရှိပြီး အများစုက ကွန်ပျူတာကိုယ်စီနှင့် ဖြစ်သည်။ Shou ကို တွေ့သည်နှင့် အားလုံးက မတ်တပ်ရပ်ပြီး အားကိုးတကြီးနှင့် နှုတ်ဆက်ကြသည်။
"အကိုလေး"
"Boss"
"ဆရာ"
"Senpai" (Senior)
"ခေါင်းဆောင်"

လုပ်ငန်းအကြီးအကဲ တစ်ယောက်ထက်ပို၍ အားကိုးသော လေးစားသော မျက်လုံးများက သိသာလွန်းနေသည်။ Shou က ခေါင်းလေး တချက်သာဆတ်ကနဲညိတ်၍ အသိအမှတ် ပြုလိုက်ပြီး သူ့ကိုယ်ပိုင် နေရာသို့ သွားလေသည်။

The Stranger I love (System)Tempat cerita menjadi hidup. Temukan sekarang