Kou က မီးဖိုချောင်ထဲ ခေါက်တုံ့ခေါက်ပြန် သွားလာပြီးတဲ့သကာလ ဖွယ်ဖွယ်ရာရာ အသားဟင်းတမျိုး အရံဟင်းနှစ်မျိုးနှင့် တို့ဖူးပဲပြားဟင်းရည်တို့ကို နှစ်ယောက်စာ ပြင်ဆင်ပေးလာသည်။ အငွေ့များက တထောင်းထောင်းထနေပြီး စားချင်စရာအနံ့ နှင့် ချစ်စရာဂျပန်စတိုင်
ပြင်ဆင်ပုံလေးက ဆွဲဆောင်နေသည်။

မျက်လုံးလေးများတောက်နေသော Shou ကို ကြည့်ပြီး ဗိုက်ဆာနေပြီလားလို့ မေးပေမယ့် အဖြေပြန်မရပဲ ထမင်းဝိုင်းကိုကြည့်ပြီး ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူနေကြောင့် Kou က တူကိုင်ရင်း  စောင့်ပေးသည်။

ထို့နောက် Shou က တို့ဖူးပဲပြားဟင်းရည်ကို သောက်ကြည့်ပြီး  "ဝူး ကောင်းလိုက်တာ" ဟု ပုခုံးလေးကျုံ့ မျက်လုံးလေးမှိတ်၍ ချစ်စဖွယ် မှတ်ချက်ပြုသည်။

"ကလေးက တို့ဖူးပဲပြားဟင်းရည် ကြိုက်တာလား"
"အင်း အဲ့တာထက် ကျနော်က ခင်ဗျားပြင်ဆင်ပေးတဲ့ အစားအသောက်ကို ကြိုက်တာ။ ကျနော့အကြိုက်နဲ့ တထပ်တည်းကျလို့" ဟု ခေါင်းမဖော်တမ်း​ ပလုပ်ပလောင်းစားရင်း ​ဖြေသည်။

"ဖြေးဖြေးစား ရေသောက်ဦး"
"ဟင့်အင်း .. ဒါသောက်မှာ .. ရော့ ဖောက်ပေးဦး ရေခဲလေးနဲ့ ထည့်ပေးနော်"
Shou က ရေခဲသေတ္တာထဲက ယူလာသော ကိုလာတစ်ဗူးကို ထိုးပေးလိုက်သည်။ Kou က ဖွင့်ပေးလိုက်ပြီး ဖန်ခွက်ထဲ ရေခဲနဲ့ ထည့်ပေးသည်။

စားသောက်ပြီးသော်
"အသီးစားမလား"
"အွန်း စားမယ်"
Kou က Shou ကို ဆိုဖာပေါ် မ တင်ပေးပြီး TV ဖွင့်ပေး၍ Shou လက်ထဲ Remote control ထည့်ပေးသည်။  ပန်းသီးတလုံး ခွာပေးပြီး တစိတ် စိတ်ပေးလိုက် Shou က ပါးစပ်ထဲထည့်လိုက်နှင့် လက်ပင်မလည်ပေ။ တခါတခါတော့ သူ့ဆီ လာလာခွံ့တာကိုပဲ ကျေးဇူးတတင် စားရသေးသည်။

"ကျနော် ခင်ဗျားဆီက ယူတဲ့ငွေကို ခင်ဗျားဆီမှာ အလုပ်လုပ်ပြီး ဆပ်လို့ရလား။ ကျနော့ဖေဖေက  ခင်ဗျားကို ရှယ်ယာလွှဲပေးထားတာတောင် စိတ်မသက်မသာ ဖြစ်နေပုံပေါ်လို့။ သူ့သားကို သူအသုံးမကျလို့ ရောင်းစားလိုက်ရတယ်ဆိုတဲ့ရုပ်နဲ့။ ကျနော် အဲ့လောက် စျေးပေါပါ့မလားနော့"

The Stranger I love (System)Tahanan ng mga kuwento. Tumuklas ngayon