အပိုင်း - ၇၁

Start from the beginning
                                    

ကျောပေါ်က ဒဏ်ရာသေးသေးလေးတွေက မနေ့ညက သူတို့မွှန်ထူပြီး ဘာမှမမြင်နိုင်တဲ့အချိန်တုန်းက မြက်ပင်တွေနဲ့ပွတ်မိပြီးတော့…

ရင်ဘတ်ပေါ်က အစက်သေးသေးလေးနှစ်ခုကလည်း ယောင်နေတယ်။ မသိရင် မနေ့ညတုန်းက အချိန်အကြာကြီး အကိုင်ခံထားရသလိုမျိုး…

… [ T/N : ကတောက်စ် ဒီဘုရင်ကတော့ မစားရအညှော်ခံ လာလုပ်နေတယ် ]

မကောင်းတော့ဘူး။ သူထပ်ပြီး မကြည့်သင့်တော့ဘူး။

သူခေါင်းကို ငုံ့ချလိုက်ပြီး ပိုင်ရန့်ကိုကူညီပေးဖို့သာ အာရုံစိုက်လိုက်တယ်။

ပိုင်ရန်ကလည်း ဆူးတွေကို ဖယ်ထုတ်ပစ်ချင်နေတာကြောင့် တစ်ဖက်လူရဲ့အပြုအမူတွေကို လက်ခံပေးထားတယ်။

နတ်ဆိုးဘုရင်ကြီးရဲ့လှုပ်ရှားမှုတွေက အရမ်းညင်သာပြီး သူ့ကိုမသက်မသာမဖြစ်စေဘူး။ နတ်ဆိုးဘုရင်ကြီးရှိနေတာကို ပိုင်ရန်တကယ်သည်းမခံနိုင်ပေမယ့် ငြင်းဆန်နေလို့မှမရတာ။

နတ်ဆိုးဘုရင်ကြီးက အဆိပ်အတောက်ရှိတဲ့ဆူးတွေကို အမြန်ဖယ်ပေးပြီး ပြောလိုက်တယ် “အားလုံးကောင်းသွားပြီ”

သူကတလျှောက်လုံး လူကြီးလူကောင်းဆန်စွာနေပြီး မလိုအပ်တဲ့လှုပ်ရှားမှုတွေ မလုပ်ခဲ့ဘူး။

ပိုင်ရန် သူ့နောက်ကျောသူ အာရုံခံကြည့်တော့ ဆူးတစ်ချောင်းမှ မခံစားမိတော့ဘူး။ နတ်ဆိုးဘုရင်ကြီးရဲ့ဝတ်ရုံကို လျှိုဝတ်ပြီး ပုခုံးပေါ်လွှားထားလိုက်တယ်။

သူ့ဝတ်ရုံကိုဝတ်လိုက်တော့မှပဲ နတ်ဆိုးဘုရင်ကြီး သက်ပြင်းချနိုင်တော့ဘူး။ အနည်းဆုံးတော့ ပိုင်ရန်က သူ့ဝတ်ရုံကို လက်ခံပေးတယ်ဆိုတော့ ဒါက လက်ခံမယ်ဆိုတာကို အစပျိုးလိုက်တာပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး စိတ်ပျက်သွားသလိုခံစားချက်ဖျော့ဖျော့က ဘာပါလိမ့်?

သူ့စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ခံစားချက်တွေကိုချုပ်တည်းပြီး သူအားတက်သရောပြောလိုက်တယ်။ “ကိုယ်တော် ဆေးမြစ်တွေသွားခူးလိုက်အုံးမယ်၊ ကိုယ်တော့်ကို ဒီမှာစောင့်နေနော်”

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now